၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကမ်းလှမ်းမှုကို အမေရိကန်နဲ့ မက္ကဆီကိုတို့ ရုပ်သိမ်း

By PKThawn

အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုတို့က ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး သူတို့ရဲ့ ပူးတွဲကမ်းလှမ်းမှုကို ရုပ်သိမ်းခဲ့ပြီး ယင်းအစား ၂၀၃၁ ပြိုင်ပွဲအတွက် လျှောက်ထားမှုအပေါ် အာရုံစိုက်သွားမှာဖြစ်ပါတယ်။

ဒါဟာ မေလ ၁၇ ရက်မှာ ဘန်ကောက်မှာ ကျင်းပမယ့် Fifa ကွန်ဂရက်မှာ အိမ်ရှင်တွေ ရွေးချယ်မခံရခင် သုံးသုံးပတ်အလိုမှာ ထွက်ပေါ်လာတာပါ။

ကျန်ကမ်းလှမ်းထားသူတွေကတော့ ဘရာဇီးလ်မှ ဖြစ်ပြီး ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့ထဲက တနိုင်ငံနဲ့ ပူးတွဲမှာပါ။

အမေရိကန်ဘောလုံးနဲ့ မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်တွေက သူတို့ရဲ့ ၂၀၃၁ ကမ်းလှမ်းမှုဟာ “သမိုင်းဝင် ပထမဆုံး” အမျိုးသားပြိုင်ပွဲလိုပဲ တန်းတူ ရင်းနှီးမြှုပ်နှံမှုကို တောင်းဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပြန်လည်ပြင်ဆင်ထားတဲ့ လျှောက်ထားမှုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သင်ယူမှုတွေနဲ့ အောင်မြင်မှုတွေအပေါ် အမေရိကန်ဘောလုံးကို တည်ဆောက်နိုင်စေမှာဖြစ်ပြီး၊ ကျုပ်တို့ရဲ့ အိမ်ရှင်မြို့တွေကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်စေရေး၊ မိတ်ဖက်တွေနဲ့ မီဒီယာဆိုင်ရာ သဘောတူညီချက်တွေကို တိုးချဲ့ကာ ပရိသတ်တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်စေရေးအတွက်၂၀၃၁ မှာ စံချိန်ချိုးတဲ့ ပြိုင်ပွဲတရပ်ကို ကျနော်တွေတို့ လက်ခံကျင်းပနိုင်မှာဖြစ်ပါတယ်။”လို့ အဖွဲ့ချုပ်တွေက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ဟာ ၂၀၂၆ မှာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းက ကြီးမားတဲ့ လုပ်ဆောင်မှုတခုဖြစ်ပြီး ကမ္ဘာတဝှမ်းက ယင်းရဲ့ အကျိုးသက်ရောက်မှု အမြင့်ဆုံးဖြစ်နိုင်ရေးအတွက် ကျူပ်တို့ကို ပြင်ဆင်ချိန်ပိုရရှိစေပါတယ်။”လို့ အမေရိကန်ဘောလုံးချုပ်ဥက္ကဋ္ဌ စင်ဒီ ပါလ်လိုကိုက ပြောပါတယ်။

(BBC)