ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ကူညီခဲ့သည့် တရုတ်သိပ္ပံပညာရှင် အနှောင့်အယှက်အတားဆီးများ ကြုံတွေ့နေရ

တရုတ် ဗိုင်းရပ်စ်ဗေဒပညာရှင် ကျန်းယုန်ကျင်းအား တွေ့ရစဉ်။

My Press Today

တရုတ်ရောဂါပိုးမွှားဗေဒပညာရှင် ကျန်းယုန်ကျင်းသည် ကိုဗစ်-၁၉ကို ဖြစ်ပွားစေသည့် အရေးကြီးဆုံး အချက်ဖြစ်သည့် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇဖွဲ့စည်းတည်ဆောက်ပုံကို ကမ္ဘာသို့ ထုတ်ဖော်ပြောကြားခဲ့သဖြင့် ၂၀၂၀ပြည့်နှစ်တွင် ထင်ရှားကျော်ကြားလာခဲ့သည်။ 

သို့သော် တရုတ်တွင် ကိုဗစ်တိုက်ဖျက်ရေးတွင် အဓိကပါဝင်ကူညီခဲ့သော ယင်းသိပ္ပံပညာရှင်သည် လေးနှစ်ကျော်ကြာ အနှောင့်အယှက်အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

 အဆောက်အအုံကို ပြုပြင်မွမ်းမံရန် အာဏာပိုင်များက  ရုတ်တရက်ပိတ်လိုက်ပြီးနောက် ရှန်ဟိုင်းအများ ပြည်သူကျန်းမာရေးဗဟိုဌာနရှိ ၎င်း၏ ဓာတ်ခွဲခန်းအပြင်ဘက်တွင် ယင်းနှောင့်ယှက်များကို ကျန်းယုန် ကျင်းက ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း ၎င်း၏ Weibo လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြမှုကို ကိုးကား ပြီး CNN သတင်းတွင် ဖော်ပြထားသည်။

 ကိုဗစ်-၁၉ကို တိုက်ဖျက်ရာတွင် ၎င်း၏ ပံ့ပိုးကူညီမှုများကြောင့် ချီးကျူးခံခဲ့ရသော်လည်း၊ သူ၏ အသက် မွေးဝမ်းကြောင်းနှင့် သုတေသနတွင် မမျှော်လင့်ထားသော အတားအဆီးများစွာကို ရင်ဆိုင်ခဲ့ရ ကြောင်း ရင်းနှီးသူများက ပြောကြားခဲ့သည်။ 

ယခုသီတင်းပတ်အတွင်း တရုတ်လူမှုကွန်ရက်မီဒီယာပေါ်မှ ဓာတ်ပုံများတွင် ဓာတ်ခွဲခန်းတံခါးဝတွင် ကျန်းက စောင်ခြုံအိပ်နေစဉ် လုံခြုံရေးအစောင့်များအား သူ့အနီးအနားတွင် ရှိနေသည်ကို တွေ့ရသည်။

တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနတွင် ၎င်း၏ ၁၉ နှစ်ကြာတာဝန်များ ပြီးဆုံးသွား စေခဲ့သည့်၂၀၂၀ပြည့်နှစ်တွင် ရှန်ဟိုင်းဗဟိုဌာနသို့ တရားဝင်လွှဲပြောင်းပေးခြင်းကဲ့သို့သော စိန်ခေါ်မှုများ နှင့် ကျန်းသည် ရင်ဆိုင်ခဲ့ရကြောင်း ကျန်း၏ သုတေသနကျောင်းသားများ၏ အွန်လိုင်းပေါ်တွင် တင်ထား သော အကောင့်များကို ကိုးကား၍ CNN သတင်းတွင် ဖော်ပြထားသည်။

 ဖူတန်တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ရှင်ဟိုင်းဗဟိုဌာနသည်  ကျန်း၏ အလုပ်ခန့်အပ်မှုကို တရားဝင် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ လူမှုဖူလုံရေးနှင့် ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များကို ပယ်ဖျက်ကာ ငါးနှစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အချိန်မတန်မီ ရပ်စဲလိုက်သည်။

ရှန်ဟိုင်းအများ ပြည်သူကျန်းမာရေးဗဟိုဌာနက ပြုပြင်မွမ်းမံရန်အတွက် ဓာတ်ခွဲခန်းအချို့ကို ပိတ်ထား ကြောင်းနှင့် ကျန်း နှင့်အဖွဲ့အတွက် နောက်ထပ်ရုံးခန်းနှင့် စမ်းသပ်ခန်းနေရာများထောက်ပံ့ပေးထား ကြောင်း ဧပြီလ ၂၉ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

 “ဌာနက အမြဲလေးစားပါသည်… သိပ္ပံသုတေသနပညာရှင်များနှင့် ကျောင်းသားများကို ပုံမှန် သုတေ သန လုပ်ငန်းများ လုပ်ဆောင်ရာမှာ ပံ့ပိုးပေးပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဓာတ်ခွဲခန်းများပိတ်ခြင်းအတွက် အာဏာပိုင်များမှ ပေးထားသည့် ရှင်းလင်းချက်အားလုံးသည် မဆီလျော် ကြောင်း သိပ္ပံပညာရှင် ကျန်းက  CNN အား ဖုန်းဖြင့် ပြောကြားခဲ့သည်။ 

ဓာတ်ခွဲခန်းပိတ်ခြင်းကြောင့် ကျောင်းသားတဒါဇင်ကျော်၏ သုတေသနအပေါ် သက်ရောက်မှုရှိခဲ့ပြီး ယခုအချိန်တွင် ထပ်မံပြောကြားရန် အဆင်မပြေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။