နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၅ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် လွတ်မြောက်နယ်မြေရှိနေပြီဖြစ်ကြောင်း ယနေ့ ကျ ရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃ နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့တွင် NUG အစိုးရ ဆက် သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ မြန်မာတိုင်း ရင်းသားများ မေလ ၄ ရက်နေ့တွင် တွေဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့သို့လာသည်ဆိုသော အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅)၏ စစ်ကောင်စီ တပ်သား သုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်း၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ( BPLA ) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF ) တို့ဟာ တောင်ပိုင်းစစ်ဒေသ အတွင်း KNLA ၏ စစ်ရေး ဦးဆောင်မှု Joint Operation Command (JOC) အောက်မှာ အတူတကွ တိုက်ပွဲဝင်နေသကဲ့သို့ အခြားစစ်ဒေသမများ၌လည်း ပူးပေါင်း ဆောင် ရွက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ် သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦးသေဆုံးကာ ကလေး ငယ်တဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိမှုအတွက် ဒဏ်ရာရရှိသူသုံးဦးကို လူသားချင်းစာနာ ထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေးမြို့နယ် တာဝန်ခံက ကျပ် ၅၀,၀၀၀ စီထောက်ပံ့ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် တော်လှန်ရေးရန်ပုံငွေ ထောက်ပို့နိုင်ရေး ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် မတရား စစ်မှုမထမ်းမနေရဥပဒေကို အလိုမရှိကြောင်းဆန္ဒပြပွဲကျင်း ပခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၅ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ပြည်တော်သာရွာ ဒေသခံ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်သွားပြီး အမျိုးသမီးတဦးလည်း မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

မြန်မာနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်သွားလာရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေးသည် ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် ငွေကျပ် ၅၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိ တရားမဝင် စျေးပေါက်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၈) တပ်မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်သည် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့်ပူးပေါင်းတပ်များ၏ ညအချိန် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရင်းမြစ်များကပြောသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကူလာသည့်ယာဥ်ပါ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတစ်ခုကို ၇၉ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၆)Black Dragon GBK PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကဧပြီလအတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း တို့ရှိ နေအိမ်ပေါင်း လေးထောင်နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် တော်လှန်ရေးရန်ပုံငွေ ထောက်ပို့နိုင်ရေး ဖူဆယ် ဘောလုံး ပြိုင်ပွဲနှင့် မတရား စစ်မှုမထမ်းမနေရဥပဒေကို အလိုမရှိကြောင်း ဆန္ဒပြပွဲကျင်းပခဲ့ ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကြီးကို ယနေ့ နံနက်အစောပိုင်းတွင် KIA က အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အပါအဝင် တပ်ရင်းဌာနချုပ် ၅ ခု၊ မောင်တောမြို့နယ်မှ စစ်စခန်းဌာနချုပ် ၄ ခု အပါအဝင် စစ်ကောင်စီ တပ်စခန်းကြီး ၉ ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် AA က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ​မေလလ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီတာခမ သွင်းသည့် မီတာ အလုံးရေ လေးသိန်း ကို ဓာတ်အားဖြတ်တောက်ထားပြီး ခြောက် သောင်း ကျော်ကို စစ်ကောင်စီက ဖြုတ်ယူသိမ်းဆည်းခဲ့​ကြောင်း သိရသည်။

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိကာ ဗဟိုဘဏ်၏စည်းမျဉ်း၊စည်းကမ်းနှင့် ညွှန်ကြား ချက်များကို လိုက်နာမှုမရှိသည့် Money Changer (၂) ခုကို မေလ ၃ ရက်တွင် ထပ်မံအရေးယူ ခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်သည်။

ရုရှားနိုင်ငံက ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် မေလ ၂ရက်နေ့က လာရောက် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

မေ ၅ ရက် သုံးသပ်ချက်

ကချင်ပြည်နယ်တွင် စစ်ကောင်စီစခန်းများဆက်တိုက်သိမ်းခံနေရသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီစခန်းများ မြို့များဆက်တိုက်ဆိုသလို အသိမ်းခံနေရပြီး စစ်ကောင်စီတပ်သားများ နယ်စပ်ဖြတ်ကျော်ကာ တခြားနိုင်ငံထဲထိ ထွက်ပြေးနေသည်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် စစ်တပ်၏သမိုင်းတွင် မကြုံဖူးအောင် တပ်ပျက်နေသည်။