မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၈ ဦး ဘင်္ဂလားဒေ့ရှ် သို့ ထပ်မံ ခိုလှုံ

Photo- Dhaka Tribune

NEWAGE

ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၈ ဦး သည် ဘင်္ဂလားဒေ့ရှ် သို့ မေ ၅ ရက် နံနက်ပိုင်းက ခိုလှုံဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

နယ်ခြားစောင့် တပ်မှ အရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင် များသည် လက်နက်ခဲယမ်းများ နှင့် အတူ စက်လှေ နှစ်စင်းဖြင့် ရှပူရီ ဒရစ် အနီး နယ်စပ်ရှိ နတ်မြစ်ကို ဖြတ် ၍ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း ကော့ဘဇားရှိ အာဏာပိုင်များ က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်များ ဖြုတ်သိမ်း၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့မဟုတ် ကမ်းရိုးတန်းစောင့်တပ်မှ တာဝန်ရှိသူများက အဆိုပါ ခိုလှုံမှုနှင့် ပတ်သက်၍ တရားဝင် မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၀ ဦးကျော် သည် မေ ၅ တွင် ဘင်္ဂလားဒေ့ရှ် သို့ ခိုလှုံဝင်ရောက် လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် မီရာမဒ်မိုင်နူးကဗာ က ဆိုသည်။

မြန်မာတပ်ဖွဲ့ဝင် ၄၀ သည် မေ ၃ နှင့် ၄ ရက် မနက်ပိုင်းတို့တွင် ခိုလှုံခွင့်တောင်းခံခဲ့ပြီး ယခု မေ ၅ ရက် ခိုလှုံမှု သည် ဒုတိယ အကြိမ်ဖြစ်သည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည်   ဘင်္ဂလားဒေ့ရှ်သို့ အခြေအနေအမျိုးမျိုးဖြင့်  ထွက်ပြေးခိုလှုံနေကြရသည်။  

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ ဦးသည် နတ်မြစ် နှင့် ကုန်းမြေနယ်စပ် ကို ဖြစ်၍ မတ် ၁၁ တွင်လည်း ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံဝင်ရောက်ခဲ့ကြပြီး ၎င်းတို့ကို ဧပြီ ၂၅ တွင် စစ်ကောင်စီထံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ဖေဖော်ဝါရီ တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) အရာရှိများ၊ စစ်ကောင်စီ စစ်သားများ နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ အပါအဝင် မြန်မာနိုင်ငံသား ၃၃၀ သည် ဘင်္ဂလားဒေ့ရှ် သို့ ဝင်ရောက် ခိုလှုံခဲ့ကြပြီး ၎င်းတို့အားလုံးကို ဖေဖော်ဝါရီ ၁၅ တွင် စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ရက္ခိုင့်တပ်မတော်က မေ ၄ တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထိုင်း အခြေစိုက် သတင်းဌာန တခု က ဖော်ပြခဲ့သည်။

မေ ၃ နှင့် ၄ ရက်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေး ခဲ့သောကြောင့် စစ်ကောင်စီ တပ်များ က မောင်တော၊ ဘူးသီးတောင်နှင့် ပေါက်တော မြို့နယ်များတွင် လေကြောင်း မှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး များဖြင့်လည်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်ကို ရည်ညွှန်း၍ အဆိုပါ သတင်းတွင် ဖော်ပြထားသည်။