“ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာဖို့က စောပါသေးတယ်” KNDF – ဒုစစ်ချုပ် မာဝီ (အင်တာဗျူး)

ထွန်းထွန်းဝင်း

စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေနဲ့ လက်ရှိိမှာ ကရင်နီဒေသကို ၉၀ ရာခိုင်နှုန်းလောက် စိုးမိုးထားနိုင်တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ရှိတဲ့ KNDF အနေနဲ့ ကိိုယ်ပိုင်လွတ်လပ်ရေးကြေညာဖို့ စောနေသေးပေမယ့် ကရင်နီဒေသတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ထူထောင်ထားနိုင်ပြီး ကိုယ့်ကိုကိုယ် စီမံဆောင်ရွက်နေတယ်လို့ KNDF က ပြောပါတယ်။

ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာမယ့်အခြေအနေ၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေ၊ NUG ရဲ့ပံ့ပိုးမှုတွေရရှိနေပြီလား၊ ကရင်နီဒေသရဲ့စစ်ရေးအခြေအနေက ဘယ်လိုရှိနေမလဲဆိုတာကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဒု-စစ်ဦးစီးချုပ် မာဝီကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းဝင်းက မေးမြန်းထားပါတယ်။

မေးမြန်း၊တင်ဆက် -ထွန်းထွန်းဝင်း
ရိုက်ကူး -သူရ