ဖောင်းပြင်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ရောင်းဟီးကျေးရွာသို့ စစ်ကြောင်းထိုးလား သည့် ခမရ(၃၆၈)နှင့် ပျူစောထီး ပူးပေါင်းအင်အား ၈၀ ပါစစ်ကြောင်းနှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးသေဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှ မေလ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မေလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ရောင်းဟီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ ကို မော်လိုက်ခရိုင် တပ်ရင်း(၁)နှင့် တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့က နံနက် ၁၁ နာရီခွဲအချိန်တွင် အောင် မြင်စွာတိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်းခုနစ်လောင်းရရှိပြီး ၆၀ မမ ပြောင်းတိုတလက်၊ MA-1 လေး လက်၊ MA ကျည် ၁၅၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီးရှစ်လုံး၊ RPG-7 ဒုံးသီး ငါးလုံး၊ MA ကျည်အိမ် ၂၆ ခု၊ စကားပြောစက် တခု၊ ကျည်ကာဦးထုပ် တလုံး၊ ဖုန်းသုံးလုံး၊ ဆေးပစ္စည်းများနှင့် စကား ပြောစက် ဓာတ်ခဲအပိုနှစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ ပါဝင်သည်။

စာတည်း။ ။စောဖေ