လေပြင်းကြောင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ စိုက်ခင်းဧက ရာချီပျက်စီး

MTO

မဇ္ဈိမ။ ။မေလ ၁ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ အိမ်ခြေ ရာနဲ့ချီပျက်စီးခဲ့သလို တောင်သူလယ်သမားတွေရဲ့ စိုက်ခင်းတွေလည်း ပျက်စီးမှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ ကိုင်းကန်ကျေးရွာတရွာတည်းမှာပဲ နှမ်းစိုက်ဧက ၄၀၀ ကျော် ပျက်စီးခဲ့ပြီး တမြို့နယ်လုံးအတိုင်းအတာနဲ့ဆိုရင် ဧက ၇၀၀ လောက် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒီပဲယင်း မြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO