စစ်ခေါင်းဆောင်မင်းအောင်လှိုင်လေကြီးလေကျယ်ဘာတွေပြောခဲ့သလဲ (Editorial Talk)

မဇ္ဈိမ။ ။ တနိုင်ငံလုံး လျှပ်စစ်ကား၊ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးကိစ္စ နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တနှစ်အတွင်း NCA ထိုးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းတွေအပါအဝင် အာဏာသိမ်း သုံးနှစ်တာကာလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ပြောကြားချက်တွေထဲက ဖြစ်မလာခဲ့တဲ့၊ ဖြစ်လာအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေအကြောင်းကို ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။