စစ်သင်တန်းကျောင်း ၁၁ ကျောင်းမှာ လူငယ်တွေ ပို့ဆောင်ခံထားရ

ဂျူချန်း

(မဇ္ဈိမ)။ ။နိုင်ငံတဝန်းက စစ်သင်တန်းကျောင်း ၁၁ ကျောင်းမှာ စစ်မှုထမ်းရမယ့်လူငယ်တွေ ပို့ဆောင် ခံထားရပါတယ်။ စစ်မှုထမ်းရမယ့် လူငယ်တွေကို မတ်လ ၃၀၊ ၃၁ နဲ့ ဧပြီ၁ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)၊ တန်းမြင့်သင်တန်းကျောင်း (တတက) နဲ့ အရာခံနှင့်အကြပ်ကြီး သင်တန်းကျောင်း (ရကသ) စတဲ့ တိုင်းနဲ့ ပြည်နယ်ရှစ်ခုမှာရှိတဲ့ သင်တန်းကျောင်း ၁၁ ခုကို ပို့ဆောင်ထား တယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအသက်အရွယ်အတွင်း အကျုံးဝင်သူ ၁၃ သန်းရှိပြီး စစ်မှုထမ်း ပထမ အသုတ်ကို လူ ၅၀၀၀ နှုန်းနဲ့ တနှစ်ကို လူ ၆၀,၀၀၀ ခေါ်ဖို့ စီစဉ်ထားပါတယ်။

စစ်မှုထမ်းဥဒေကို မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်မှုထမ်းဥပဒေနဲ့ အရန် တပ်ဥပဒေကနေရတဲ့ အင်အားဟာ ကာကွယ်ရေးအင်အားကို အထိုက်အလျောက်မြင့်တက်စေမှာ ဖြစ် သလို စစ်ကောင်စီကလက်လွှတ်ထားရတဲ့ မြို့တွေကိုလည်း ပြန်လည်ရယူသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားမှာ ကြုံးဝါး ထား ပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း