ဝိုင်းမော် စစ်ဘေးရှောင်တွေ မြို့ကို ဆက်လက်စွန့်ခွာ (ရုပ်သံ)

ရွှေနွယ်

ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတပ်တို့ကြားက တိုက်ပွဲတွေဟာ ဝိုင်းမော်မြို့ပေါ်ကိုပါ ကူးစက်လာနိုင်တာကြောင့် ဝိုင်းမော်မြို့ခံ ၈၀ ရာခိုင်နှုန်းလောက်ဟာ မြစ်ကြီးနားဘက်ကိုဦးတည် စစ်ရှောင်နေကြပါတယ်။

ဝိုင်းမော်မြို့နဲ့ ဆယ် မိုင်လောက်အကွာမှာရှိတဲ့ ရွှေညောင်ပင် ကျေးရွာက စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၃၂၁) ကို KIA က သိမ်းယူခဲ့တဲ့ မေလ တတိယသီတင်းပတ်လောက်က စတင်ပြီး ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။

စစ်ဘေးရှောင်တွေနဲ့ ဝိုင်းမော်မြို့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိနေပါသလဲဲ။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက် ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။

တည်းဖြတ်/တင်ဆက်= ရွှေနွယ်