ကြားကာလ ပညာရေး အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်လှူဒါန်း

(မဇ္ဈိမ)။ ။ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ် ကျေးရွာတရွာရှိ ကြားကလပညာရေးအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်လှူဒါန်းခဲ့သည်။

ထိုကျောင်းဆောင်ကို G-12 ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော် ပညာသင်ကြား‌ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင် တန်ဖိုးမှာ – ၂,၇၇၄,၄၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ များအား မုန့်ဟင်းခါးနှင်မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး