တရုတ် သတင်းအချက်အလက်စစ်ပွဲလှုပ်ရှားမှုကို ခြေရာခံခြင်း

ORF

တရုတ်စစ်တပ် သည် ဥရောပနှင့် အနောက်အာရှ တွင် ဖြစ်ပွားနေသော ပဋိပက္ခ များကို အတွေ့အကြုံယူ၍ ရှည်လျားသော စစ်ပွဲများအတွင်း အင်အားအမြောက်အမြား အတွက် ထောက်ပံ့ပို့ဆောင်ရေး အစိတ်အပိုင်းများကို ပိုမိုကောင်းမွန်စေရန် အထူးလုပ်ဆောင်နေသည်။ အဆိုပါ ချဉ်းကပ်မှု အသစ်လှုပ်ရှားမှု ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်များ နှင့် ‌ကြေညာချက်များ မှ သိရှိနိုင်သည်။

ရှီသည် တရုတ်စစ်တပ် ကို ကြီးကြပ်သည့် ဗဟိုစစ်ကော်မရှင် အကြီးအကဲအဖြစ် မကြာသေးမီက ချုံကင်းရှိ တပ်မတော်ဆေးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး စစ်မြေပြင်ကုသမှုနည်းလမ်းများ၊ စစ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများတွင် ပိုမိုဆန်းသစ်တီထွင်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် တရုတ်စစ်တပ် အတွက် ပိုမိုကောင်းမွန်သော ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ တည်ဆောက်ခြင်းကို အလေးပေးခဲ့ပြီး “ခေတ်သစ်” တွင် စစ်ပွဲအား ပိုမိုအားကောင်းစေမည့် ကြိုးပမ်းအားထုတ်မှုများနှင့် ချိတ်ဆက်ထားသည်။ စစ်ပွဲအတွင်း တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေး ထိရောက်မှုကို အားကောင်းစေမည့် မျိုးဆက်သစ် ‘စစ်ဘက်ဆရာဝန်များ’ မွေးထုတ်နိုင်ရန် ဆေးကျောင်းသားများနှင့် စစ်ဘက်ဝန်ထမ်းများကို တောင်းဆိုခဲ့သည်။

တရုတ်စစ်တပ် ၏ ကြိုတင်ပြင်ဆင်မှုကို မြှင့်တင်ရန် ရှီ က ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။ ဝန်ကြီးချုပ်၏ စစ်ဆေးဘက်ဆိုင်ရာ ဌာနသို့ ရှီ လာရောက်လည်ပတ်ရာတွင် ဇီချန် ပြည်နယ် ကမ်းရိုးတန်းကျွန်းများမှ ဒဏ်ရာရရှိထားသော တပ်ဖွဲ့ဝင်များအား ကယ်ထုတ်ရန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်မှုသည် တရုတ်၏ ထိုင်ဝမ်ကို ကျူးကျော်ရန် ဖြစ်နိုင်ခြေရှိသော ဖြစ်ရပ်တခုအတွက် တိုက်ပွဲပြင်ဆင်မှုကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။

ထို့ပြင် ရှီ ၏ ဥရောပခရီးစဉ်သည် ၁၉၉၉ တွင် တရုတ်နိုင်ငံသား သုံးဦးသေဆုံးခဲ့သော နေတိုးအဖွဲ့မှ ယူဂိုဆလားဗီးယားဖက်ဒရယ်သမ္မတနိုင်ငံရှိ တရုတ်သံရုံးအား ဗုံးကြဲတိုက်ခိုက်မှုနှင့် တိုက်ဆိုင်နေသည်။ နေတိုး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈,၀၀၀ သေဆုံးပြီး လူတသန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပုံကို ဆားဘီးယားသတင်းဌာနတခု၌ ဆောင်းပါးတပုဒ် ဖော်ပြခြင်းဖြင့် အမှတ်ရဖွယ် အဖြစ်အပျက်ကို ရှီ က ထုတ်ဖော်ခဲ့သည်။ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အနောက်နိုင်ငံများက ရုရှားကို အပြစ်တင်နေချိန်တွင် ရှီ က ဇာတ်ကြောင်းတည်ဆောက်ခြင်း၏ အရေးပါမှုကို အာရုံစိုက်ခဲ့သည်။ ထို့ပြင် အမေရိကန်သည်လည်း တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ပြသရန် ကြိုးပမ်းခဲ့သည်။

ဆိုက်ဘာစပေ့ တွင် စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးအတွက် ဗျူဟာမြောက် ပံ့ပိုးကူညီမှုတပ်ဖွဲ့ (Strategic Support Force) ကို ဖျက်သိမ်းပြီးနောက် သတင်းအချက်အလက် ပံ့ပိုးရေးတပ်ဖွဲ့ (ISF) ကို မကြာမီ က ဖွဲ့စည်းခဲ့ခြင်းဖြင့် လုပ်ကြံဇာတ်လမ်းများ ပုံဖော်လေ့သော ရှီ ၏ ဇာတ်ကြောင်းတိုက်ပွဲ လုပ်ရပ်ကို ကမ္ဘာက မြင်တွေ့ရမည် ဖြစ်သည်။

ရှီက ၎င်း ၏ အယူအဆ များကို ‘အင်တာနက်သတင်းအချက်အလက်စနစ်’ သို့ ဖြည်းဖြည်းချင်း တင်သွင်း၍ ခေတ်သစ်တိုက်ပွဲ အောင်နိုင်ရေးအတွက် အသုံးချ ပရိုဂရမ် ကို အသုံးပြုလိုသည်။

တရုတ်-နိုင်ငံပိုင်မီဒီယာက ISF ကို ခေတ်မီစစ်မှုထမ်းခြင်း၏ အဓိကမဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းရည် ခေတ်မီအောင် အရှိန်မြှင့်လုပ်ဆောင်ရာတွင် အရေးကြီးသော ခြေလှမ်းတရပ်ဖြစ်သည် ဟု ဆိုသည်။

သတင်းအချက်အလက်များအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုသည် မျက်မှောက်ခေတ် ပဋိပက္ခများကို အနိုင်ယူရာ၌ အဓိကကျသည် ဟူသော တရုတ်ကွန်မြူနစ်ပါတီ ၏ စစ်ပွဲ အယူအဆကို ဖော်ပြသော ဆောင်းပါး တခုကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ သတင်းအချက်အလက်ထိန်းချုပ်မှုသည် မျက်မှောက်ခေတ် ပဋိပက္ခတခု၏ လမ်းကြောင်းကို ဆုံးဖြတ်ပေးသည်ဟု လည်း ၎င်းကဆိုသည်။

အဆိုပါ အချက်များသည် စစ်ပွဲကို အထောက်အကူပြု၍ တိုက်ခိုက်ရေးမဟုတ်သည့် လက်နက်အဖြစ် ပြောင်းလဲလိုသော တရုတ်ကွန်မြူနစ်ပါတီ အတွက် အစပြုရန် လွှမ်းမိုးနိုင်ခဲ့သည်။ စစ်ပွဲသည် ငွေကုန်ကြေးကျများသော စီးပွားရေးဖြစ်ပြီး ကာလရှည်ကြာသော တိုက်ပွဲများသည် နိုင်ငံ၏ အရင်းအမြစ်များဖြစ်သော ငွေကြေး နှင့် လူစွမ်းအား ကို ဆုတ်ယုတ်စေကြောင်း တရုတ်စစ်မဟာဗျူဟာ ပညာရှင် စွန်ဇူး က သတိပေးခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ၌ ၂၀၂၂ စက်တင်ဘာ အထိ တပ်ဖွဲ့ဝင် ၅,၉၃၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူ က ထုတ်ဖော်ခဲ့သည်။ ရုရှား တလအတွင်း ဆုံးရှုံးခဲ့သော စက်ဘက်ဝန်ထမ်း အင်အားသည် ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အီရတ်စစ်ပွဲ၌ အမေရိကန် ဆုံးရှုံးမှုထက် နှစ်ဆ ပိုများကြောင်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဒါရိုက်တာဟောင်း ဒေးဗစ် ပီထရက်စ် က ခန့်မှန်းထားသည်။

ယင်းမှာ ရုရှားစစ်သားများ သေဆုံးမှု မြင့်မားခြင်းနှင့် ပတ်သက်၍ မကျေနပ်ကြခြင်းနှင့် ရုရှားတပ်များက အမိန့်ကို မနာခံကြောင်း လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုများဖြင့် ပေါင်းစပ်သွားခဲ့သည်။ထို့ပြင် ရုရှားစစ်သားများ လက်နက်ချရန် ကူညီပေးသည့် ယူကရိန်း၏ ‘I want to live’ အစပျိုးမှုက အခိုင်အမာ ထောက်ခံမှု ရရှိလာခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် အီရတ်နှင့် အာဖဂန်စစ်ပွဲအတွင်း ဒဏ်ရာရစစ်သားများကို ကယ်ဆယ်ရာ၌ လေကြောင်းသာလွန်မှုက အားသာချက်ရှိသည်။

ပင်တဂွန်သည် ၎င်း၏ စစ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အနီးနားရှိ ရန်သူများနှင့် နောက်လာမည့် ပဋိပက္ခများအတွက် ပြင်ဆင်နေခဲ့သည်။ အမေရိကန် ကာကွယ်ရေးဌာန၏ ကျန်းမာရေး အေဂျင်စီသည် အကြီးစား တိုက်ခိုက်ရေး စစ်ဆင်ရေးများ၌ ဆေးဘက်ဆိုင်ရာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ၎င်း၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုများကို ပြန်လည် လုပ်ဆောင်နေသည်။

ကာလကြာရှည်သောပဋိပက္ခများ၌ တရုတ်စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ရှင်သန်မှုအပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။ ရုရှား-ယူကရိန်းနှင့် အနောက်အာရှ ပဋိပက္ခများအပေါ် ကွဲပြားသော ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများကြောင့်လည်း သတင်းအချက်အလက် စစ်ပွဲဆိုင်ရာ ရှီ၏ လှုပ်ရှားမှုများကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။ ယခင်အခြေအနေတွင် ရုရှားသည် အထီးကျန်ဖြစ်နေပြီး နောက်ပိုင်းတွင် အနောက်နိုင်ငံများသည် ဟားမတ်စ်-အစ္စရေး ပဋိပက္ခတွင် ပါလက်စတိုင်းလိုလားသော စာနာစိတ်များ ပြည့်နှက် လျက်ရှိသည်။ ထို့ကြောင့် ပဋိပက္ခတစ်ခုတွင် အများပြည်သူ၏ သဘောထားအမြင်ကို ပုံဖော်ရန် အရေးကြီးကြောင်း ရှီက သဘောပေါက်သည်။

တရုတ်ကွန်မြူနစ်ပါတီ ၏ ချဉ်းကပ်မှုအသစ်သည် စစ်ဆင်ရေးလုပ်ဆောင်နေပြီး ဖြစ်သော သတင်းအချက်အလက် စစ်ပွဲဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း ဆက်လက်ဖြစ်ပွားနေသော ရေပိုင်နက် အငြင်းပွားမှု နှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နှင့် နှောက်ယှက်ရန် တရုတ်က သတင်းမှား ထုတ်ပြန်မှုများ ပြုလုပ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲထားသည်။ ဖိလစ်ပိုင် အကြီးတန်း ရေတပ်အရာရှိနှင့် တရုတ်သံတမန်တဦးတို့ကြား မှတ်တမ်းတင်ထားသော အသံဖိုင်ကို ထုတ်ပြီးနောက်တွင် ဒုတိယ Thomas Shoal နှင့် ပတ်သက်သည့် အငြင်းပွားမှုတွင် နှစ်နိုင်ငံအကြား အလွတ်သဘော သဘောတူညီမှု ရရှိခဲ့သည် ဟု တရုတ်က ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားသည်။

ဒရမ်နှင့် မောင်းသံသည် အရေးကြီးသော စစ်မြေပြင် လက်နက်ဖြစ်ကြောင်း ဆွန်ဇူး က အခြားသူများ၏ အမြင်ကို လက်ခံရန် သတိပေးခဲ့သည်။

အမေရိကန်အစိုးရသည် တရုတ်ပိုင် TikTok အက်ပ် ကို နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖြိုခွင်းမှုသည့် တရုတ် အနေဖြင့် ISF ကို တည်ထောင်ရန် လှုပ်ရှားမှုက အရှိန်အဟုန်ဖြင့် စတင်လာသည်ကို သတိပြုရမည်။

သတင်းအချက်အလက်စစ်ပွဲ၏ အရေးပါမှု ကို ရှီ၏ ဗျူဟာမြောက် တွေးခေါ်မှု နှင့် တရုတ်၏ ဗျူဟာမြောက်စွမ်းရည်များ မြှင့်တင်ရန် တောင်းဆိုမှုသည် အိန္ဒိယအတွက် စိန်ခေါ်မှုအသစ်များ ရှိနေသည်။ ၂၀၂၀ ဂေါလ်ဝမ် ထိပ်တိုက်တွေ့ဆုံမှုများအပြီးတွင် အိန္ဒိယသည် TikTok အပါအဝင် တရုတ်အက်ပ်များကို ပိတ်ပင်ခဲ့ပြီး တရုတ်လွှမ်းမိုးမှုကို လျှော့ချရန် လုပ်ဆောင်ခဲ့သော်လည်း တရုတ်သတင်းအေဂျင်စီများနှင့် အိန္ဒိယမီဒီယာများကြားတွင် အကြောင်းအရာမျှဝေခြင်းဆိုင်ရာ သဘောတူညီချက်များသည် အဓိကအားနည်းချက်တခုအဖြစ် ရှိနေသေးသည်။