ဩစတြေးလျနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး စာပေဟောပြောပွဲ ပြုလုပ်

မဇ္ဈိမ

မြန်မာ့နွေဉီးတော်လှန်ရေး ဆွေးနွေးပွဲနဲ့ စာပေဟောပြောပွဲ တခုကို ဩစတြေးလျနိုင်ငံ
Brisbane မြို့ရှိ University of Queensland တက္ကသိုလ်ဝင်းအတွင်းမှာ ရှိတဲ့
GHD Auditorium ခန်းမမှာ ဇွန်လ ၁ ရက်နေ့၊ နေ့လယ် ၁ နာရီက ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

စာပေဟောပြောပွဲကို မြန်မာစာရေးဆရာမ ဖြစ်သလို နိုင်ငံရေးအကျဉ်သားဟောင်းတဦးလည်းဖြစ်တဲ့ မသီတာ (စမ်ချောင်း)၊ စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာသူ ဩစတြေးလျ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ရှောင်တာနယ်နဲ့အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေတို့က ဦးဆောင်ပြီး ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

အပြည့်အစုံကို ရုပ်သံမှာ ဝင်ရောက်နားဆင်နိုင်ပါတယ်။