စစ်မှုထမ်း ဥပဒေ က ထိုင်းလူမျိုးတွေနဲ့ ထိုင်းအရာရှိ အချို့အတွက် စိတ်လှုပ်ရှားဖွယ် ဖြစ်နေတယ်

အားလုံးသိတဲ့ အတိုင်း ထိုင်း ကို ရောက်လာကြတဲ့ မြန်မာ ရွှေ့ပြောင်း လူဦးရေ ၂ ဒသမ ၃ သန်း ရှိနေတယ်။ (စီဝါဝန်ဆွတ်ခ်တာဝီ)

မြန်မာနိုင်ငံတွင် မကြာသေးမီက ပြဋ္ဌာန်းခဲ့သော စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာကြသည့် လူငယ်များ နှင့် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများကို ဆွေးနွေးရန် ထိုင်းအမျိုးသားလုံခြုံရေးကော်မတီ မှ စီဝါဝန်ဆွတ်ခ်တာဝီ(Siwawong Sooktawee) အား မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့ပါသည်။