ဖက်ဒရယ်ခရီးအတွက် အညာ‌မြေရဲ့ကြိုးပမ်းမှုများ (ရုပ်သံသတင်း)

MTO

(မဇ္ဈိမ)။ ။တော်လှန်ရေးကာလအလွန် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်မယ်ရင် ဖက်ဒရယ်ယူနစ်တခုချင်းစီတိုင်းမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ အညာဒေသ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ သပိတ်အင်အားစု‌တွေ၊CDM ဝန်ထမ်းအစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားအစုအဖွဲ့တွေ၊ဥပဒေပညာရှင်တွေ၊တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး သက်ဆိုင်ရာလွှတ်တော်တွေကတဆင့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနေတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကနေ သိရပါတယ်။

ဖက်ဒရယ်ရဲ့အခြေခံကျတဲ့အချက်တွေဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပြင် ကိုယ်ပိုင်တရားစီရင်ရေးလုပ်ငန်းတွေလုပ်နိုင်တဲ့အထိ အခုကတည်းက ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥပဒေရေးရာတာဝန်ခံဦးမင်းသော်ကက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် — MTO