ရှမ်းမြောက် တကျော့ပြန် စစ်ပွဲ ဖြစ်နိုင်ချေ နှင့် စစ်ခေါင်းဆောင်၏ ပါးစပ်မှမချသည့် ရွေးကောက်ပွဲ (Editorial Talk)

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလော စစ်ကောင်စီတပ်ဘက်ကရော တော်လှန်ရေးအင်အားစုတွေမှာပါ နှစ်ဖက်စလုံးက စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ တကျော့ပြန်စစ်ပွဲ ပြန်ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေကျယ်လောင်စွာ ထွက်ပေါ်လာကြပါတယ်။ တဆက်တည်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ဖော်ပြောလာပါတယ်။ ဒီအခြေအနေတွေနဲ့ ဘယ်လိုဆက်စပ်နိုင်မလဲ။ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်သုံးဖွဲ့တွေသိမ်းပိုက်ထားတဲ့ မြို့တွေအပြင် စစ်ကောင်စီလက်လွှတ်ထားရတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မလား။ စတဲ့အကြောင်းအရာတွေကို ဒီတပတ် မဇ္ဈိမ Editroial Talk အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။