ကလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲ

ပုံအညွှန်း - ယနေ့ပြုလုပ်သည့် ပန်းသပိတ် \ ဓါတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ပုံအညွှန်း – ယနေ့ပြုလုပ်သည့် ပန်းသပိတ် \ ဓါတ်ပုံ – ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့်ဒေသခံများ၊ ကြားကာလပညာရေးဝန်ထမ်းများ၊ကျောင်းသားကျောင်းသူများက ပန်းသပိတ်ဆင်နွှဲခဲ့ကြသည်။

ဇွန်လ ၁၉ရက်နေ့တွင်ကျရောက်မည့် ဒေါ်ဆောင်ဆန်းစုကြည်၏ ၇၉နှစ်မြောက်မွေးနေ့အထိမ်း အမှတ်အဖြစ်“ငုံ့မခံဘဲတုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” စာတမ်းကိုင်ဆွဲကာ ယ‌နေ့(ဇွန်လ ၁၇ရက်) နံနက်တွင် ထိုင်သပိတ်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

သပိတ်စစ်ကြောင်းတွင်ပါဝင်သူများက ဒေါ်အောင်ဆန်းစုကြည်ပုံတူကားချပ်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ “နီရဲတဲ့နှင်းဆီပွင့်” ကဗျာစာသားများကိုကိုင်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားအားလုံးနှင့်တော်လှန်တိုက်ပွဲဝင်လူထုတရပ်လုံးကို ဂုဏ်ပြုသည့်အနေဖြင့် ဇွန်လ ၁၉ရက်တွင် အဆင်သင့်ရာပန်းများဖြင့် ဘုရားပန်းတင်ခြင်း၊ပန်ဆင်ကြခြင်းဖြင့် “ပန်းသပိတ်” တွင်ပူးပေါင်းပါဝင်ကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက တိုက်တွန်းထားသည်။

စာတည်း – အေးချမ်း