သံတွဲမြို့​ပေါ် ​ စေတီဘုရားများတွင် အထိုင်ချ​သော စစ်​​ကောင်စီ လက်နက်ကြီးနှင့်ပစ်ခတ်၊ အရပ်သား ၆ ဦး သေဆုံးမှုရှိ

ရခိုင်ပြည်နယ်ရှိစစ်​ကောင်စီတပ်သား/ဓာတ်ပုံ -AFP (ပုံဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ သံတွဲမြို့​ပေါ်ရှိ ​စေတီဘုရားများတွင် အကာကွယ်ယူ၍ အထိုင်ချ​သောစစ်​​ကောင်စီတပ်သည် လက်နက်ကြီးများနှင့် သံတွဲမြို့ လူ​နေရပ်ကွက်များထံ ပစ်ခတ်​နေ​သဖြင့် သုံးရက်အတွင်း
အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သံတွဲမြစ်၏ တစ်ဖက်တစ်ချက်စီရှိ ထင်ရှား​သောနာမည်ကြီး အံတော်၊ နံတော်​တောင်ဘုရားများတွင် တပ်စွဲထား​သောစစ်​ကောင်စီ အ​မြောက်တပ်များက ဇွန်လ ၂၁ ရက်မှ ယ​နေ့ ဇွန်လ ၂၃ ရက်နံနက်ပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

” အမှတ် (၁ ) ရပ်ကွက်က အံ​တော်​တောင်ဘုရားရယ်၊​ ရွှေ​ကျောင်းပြင်ကနံ​တော်​တောင်ဘုရား​တွေမှာ အကာကွယ်ယူပြီးဆက်တိုက်ပစ်​နေတယ်။ လက်နက်ကြီး​​တွေနဲ့ ရမ်းပစ်​နေတာ တချို့ဘယ်ကိုကျလို့ကျမှန်း​တောင် မသိရတော့ဘူး” ဟု ဒေသခံက​ ပြောသည်။

ယမန်​နေ့ ဇွန်လ ၂၂ ရက်ည​ ၇ နာရီဝန်းကျင်တွင် နံ​တော်​ဘုရား​တောင်ကုန်းများ​ပေါ်မှစစ်​ကောင်စီမှပစ်ခတ်​သည့်လက်နက်ကြီး​ကြောင့် အရပ်သား သက်လတ်ပိုင်းအမျိူးသမီးတဦးနှင့်၎င်း၏တူ​တော်စပ်သူ အသက် ကိုးနှစ်အရွယ် က​လေးငယ်တဦး​သေဆုံးသွား​ကြောင်းသိရသည်။

ထို့အပြင် ယ​နေ့ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း အမှတ်(၁)အထက်တန်း​ကျောင်းမျက်​စောင်းထိုးတံတားတဖက်မှ​ ရွှေ​ကျောင်းပြင်သို့သွားသည့် ကားတစီးကိုလည်းပစ်ခတ်ရာ ကား​​မောင်းသူတဦး​သေဆုံးသွား​ကြောင်း​ဒေသခံသတင်းရင်းမြစ်၏အဆိုအရသိရသည်။

ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်တွင်လည်း စစ်​ကောင်စီ၏လက်နက်ကြီး​ကြောင့် သံတွဲမြို့​ပေါ်တွင် အရပ်သား သုံးဦးအပါအဝင်ကျွဲ၊နွား တိရစ္ဆာန်များလည်း​သေဆုံးသွား​ကြောင်းသိရသည်။

လက်ရှိ တိုက်ပွဲအ​ခြေအ​နေ​ကြောင့် မြို့​ပေါ်​နေ​ဒေသခံများမှာကုန်​စျေးနှုန်းများမြင့်တက်​နေသည့်အပြင် အ​ခြေခံစား​သောက်ကုန်များပြတ်လပ်လာသဖြင့်ဝယ်ယူရန်ခက်ခဲ​နေသည်။

ထို့အပြင် ဆန်ကုန်သည်များကိုလည်းစစ်​ကောင်စီက မ​ရောင်းချရန်သတိ​ပေး​နေခြင်းနှင့် ဆန်ဂို​ဒေါင်အချို့ကိုလည်း ချိတ်ပိတ်​နေမှု​ကြောင့် ဆန်ကြမ်းကိုပင် အရပ်သားများမှာ ကုန်စုံဆိုင်၊စတိုးဆိုင်အ​သေးများမှ အကန့်သတ်ဖြင့်သာဝယ်ယူ​နေရ​ကြောင်း​​သံတွဲမြို့ခံများကဆိုသည်။

​စေတီဘုရား​ပေါ်များသာမက သံတွဲမြို့ဘား​ဒေါင့်ဂိတ်ရှိ အရပ်သားအစိုးရလက်ထက်က​​ဆောက်လုပ်ခဲ့​သော အစိုးရအရာရှိများ​နေ​ထိုင်သည့်ဝန်းထမ်းအိမ်ယာတွင်လည်းစစ်​ကောင်စီတပ်က အထိုင်ချတပ်စွဲထား​သည်။

ယမန်နေ့က သံတွဲမြို့​ပေါ် ​တွင်လက်နက်ကြီးများအပြင် ​Y-12 ​လေယာဥ်ဖြင့်လေ​ကြောင်းမှလည်းဗုံးကြဲတိုက်ခိုက်မှုများရှိ​ကြောင်း​ဒေသခံများကဆိုသည်။

လက်ရှိသံတွဲမြို့​ပေါ်တွင် အာရက္ခတပ်​​တော်(AA)နှင့်နှစ်ဘက်ထိ​တွေ့တိုက်ပွဲပြင်းထန်​နေပြီး ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီး၊ ​မောင်းပြန်လက်နက်ငယ်သံများလည်း ကြား​နေရ​ကြောင်းတိုက်ပွဲဖြစ်ပွားသည်​နေရာနှင့်နီး​သော မြို့ခံများထံသိရသည်။

ရခိုင်နှင့် ထိစပ်နေသော ပလက်ဝဒေသအပါအဝင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲမြို့တို့ကို စစ်ကောင်စီကလက်လွှတ်ထားရသည်။

လက်ရှိတွင် သံတွဲ၊​ တောင်ကုတ်၊ ​မောင်​​တောနှင့်အမ်းမြို့နယ်တို့တွင်နှစ်ဘက်တိုက်ပွဲများ ပြင်းထန်​နေပြီးစစ်​ရေးတင်းမာ​နေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး