“၂၀၂၄ ကတော့ စစ်အုပ်စုရဲ့ နေဝင်ချိန်”- ဒေါ်ခင်မမမျိုး

“မနက်ဖြန် မင်းအောင်လှိုင်ပြုတ်ကျတယ်ဆိုလို့ရှိရင်လည်း ကျမတို့ Pre-transition မှာ တိုင်းပြည် အခြေအနေအရပ်ရပ် ထိန်းသိမ်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ အဲဒီကနေ TNUG (အသွင်ကူးပြောင်းရေးကာလအစိုးရ)ကို လွှဲပေးနိုင်ဖို့အတွက် အားလုံးပြင်ဆင်ထားပြီးသား”- ဒေါ်ခင်မမမျိုး၊ NUG စီးပွားကူးသန်းဝန်ကြီး အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၏ မြန်မာ့စီးပွားရေးအပေါ် သုံးသပ်ချက်၊ NUG ၏ ဖက်ဒရယ်စီးပွားရေးမူဝါဒနှင့် စစ်ကောင်စီလွန်ကာလအတွက် ကြိုတင်ပြင်ဆင်မှု၊ နိုင်ငံတကာနှင့်ချုပ်ဆိုထားသော စီမံကိန်းစာချုပ်များပြန်လည်သုံးသပ်မည့်အစီအစဉ်နှင့် အကြိုအသွင်ကူးပြောင်းခြင်းကာလလုပ်ဆောင်မှုများကို မဇ္ဈိမ Exclusive Interview အစီအစဉ်တွင် ကြည့်ရှု့နားဆင်ရမှာဖြစ်သည်။ ယခုအစီအစဉ်ကို မဇ္ဈိမရုပ်မြင်သံကြားတွင် အပတ်စဉ် သောကြာနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပြသပါသည်။