စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းထိုးဇာတ်

ဘုန်းဆွေ

အာဏာသိမ်းစစ်ကောင်စီဟာ ဒီလပိုင်းတွေထဲမှာ ရွေးကောက်ပွဲကိုအကြောင်းပြပြီး ပြည်လုံးကျွတ်သန်းခေါင် စာ ရင်းကောက်ဖို့ ကြိုးပမ်းနေပါတယ်။ နေ့စဉ်ထုတ် နိုင်ငံပိုင်မီဒီယာတွေမှာ ခရိုင်အလိုက် သန်းခေါင်စာရင်း ကောက် ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူတဲ့သတင်းတွေကို အသားပေးဖော်ပြနေပါတယ်။ ၂၀၂၄ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး အောက်တို ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၁၉၇၃ ၊ ၁၉၈၃ နဲ့ ၂ဝ၁၄ ခုနှစ် တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၀ နှစ် တကြိမ် လုပ် ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအနှံ့စစ်ပွဲတွေကြောင့် စစ်မျက်နှာနယ်မြေတွေ ကျယ်ပြန့်နေချိန် ၊ သန်းချီတဲ့ ပြည်သူလူထုတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရချိန် ၊ ရွာလုံးကျွတ် မီးရှို့ခံရလို့ လူအများနေထိုင်ရာရပ်ကွက် ၊ ကျေး ရွာတွေ မီးလောင်ပြင်ဖြစ်သွားရတဲ့အချိန်မျိုးမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်ဆိုတဲ့ ကိစ္စဟာ ပြည် သူလူထုအမြင်မှာတော့ ပျက်ရယ်ပြုစရာကိစ္စ ၊ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်ထားလိုမှုကို ဆွဲဆန့်ရာကိစ္စတခု အ ဖြစ်သာ ရှုမြင်နေကြပါတယ်။

ဘာ့ကြောင့် သန်းခေါင်စာရင်း

တကယ်တော့ အာဏာသိမ်းစစ်ကောင်စီရဲ့ မူလရည်ရွယ်ချက်ထဲမှာ သန်းခေါင်စာရင်းကောက်ယူရေးဆိုတဲ့ လုပ် ငန်းစဉ် မပါဝင်ပါဘူး။ အာဏာသိမ်းစဉ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ရွေးကောက်ပွဲကော်မရှင်ကို ပြန်ဖွဲ့ပြီး လုပ်သင့်လုပ်ထိုက်တာကိုလုပ်သွားမယ် ။ ကိုဗစ်ကပ်ရောဂါကာကွယ်လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်။ ငြိမ်း ချမ်းရေးအတွက် NCA လုပ်ငန်းစဉ်အတိုင်း လုပ်သွားမယ်။ အရေးပေါ်ကာလပြီးရင်ရွေးကောက်ပွဲ ကျင်းပပြီး အနိုင် ရတဲ့ပါတီကို အာဏာလွှဲနိုင်ဖို့ ဆက်ပြီးလုပ်ဆောင်သွားမယ် ဆိုတာလောက်ပဲ ပါတာပါ ။

ဒီလိုဆိုရင် ရွေးကောက်ပွဲအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမယ်ဆိုတဲ့အထဲမှာ ပြည်လုံးကျွတ်သန်း ခေါင် စာရင်းကောက်ယူရေးလုပ်ငန်းစဉ် မပါနိုင်ဘူးလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ ပြည် လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့ ကိစ္စဟာ ကြိုတင်ပြင်ဆင်မှုတွေ အချိန်အများကြီးပေးရတာ၊ ငွေကြေးအကုန်အကျ များတာ၊ လူအင်အားအများကြီး သုံးရတာတွေကြောင့် ပေါ့ပေါတန်တန်တွေးပြီး လုပ်ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး ။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တုန်းကဆိုရင် တနှစ်လောက်အချိန်ယူပြီး

ကြိုတင်ပြင်ခဲ့ရပါတယ်။ စစ်ကောင်စီက တော့ သန်းခေါင်စာရင်းကို ၁၀ နှစ်တကြိမ် ကောက်ရတဲ့အတွက် ၂၀၁၄ မှာနောက်ဆုံးကောက်ခဲ့လို့ ၂၀၂၄ မှာ ကောက်တာဖြစ်တယ်လို့ အကြောင်းပြပါတယ်။

မြန်မာနိုင်ငံမှာ၂၀၁၄ တုန်းက သန်းခေါင်စာရင်းကောက်တာဟာ ၁၀ နှစ်တကြိမ်ကောက်ယူမှု မဟုတ်ပါဘူး ။ ၁၉၈၃ မှာနောက်ဆုံးကောက်ခဲ့အပြီး နှစ်ပေါင်း ၃၁ နှစ်အကြာကျမှ ကောက်ယူခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်း အာ ဏာသိမ်းကာလတလျှောက်မှာလည်း မကောက်ယူခဲ့ပါဘူး။အဓိကအချက်က နိုင်ငံမတည်ငြိမ်တဲ့အချိန်မှာ ကောက် ယူတဲ့ သန်းခေါင်စာရင်းဟာ မှန်ကန်တိကျတဲ့သန်းခေါင်စာရင်း မဖြစ်နိုင်လို့ပါပဲ။ ဒါတောင်မှ အဲဒီအချိန်က ဖြစ် ပေါ်နေတဲ့ပြည်တွင်းပဋိပက္ခဟာ လက်ရှိကာလထက် အဆပေါင်းများစွာ တည်ငြိမ်မှုရှိနေတဲ့အချိန် ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နှင့် တိုင်း ၁၀ ခု မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ အထိရှိနေပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက မြို့ နယ် ၁၄ မြို့နယ်နဲ့ အများဆုံး ကြေညာခံထားရတာဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ မြို့နယ် ၁၃ မြို့နယ်နဲ့ ဒုတိယ အများ ဆုံးဖြစ်ပါတယ် ။ ချင်းပြည်နယ်က မြို့နယ် ၈ မြို့နယ်နဲ့ တတိယအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းကတော့ ၆ မြို့နယ်နဲ့ စတုတ္ထအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက ရာနှုန်းပြည့် အေးချမ်းတယ်ဆိုတာ ၁၉၈ မြို့နယ်ပဲရှိပါတယ်။ ကျန်တဲ့မြို့နယ်တွေကတော့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့မြို့နယ် ၊ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

တဖက်ကလည်း ကုလသမဂ္ဂရုံးရဲ့ ဒီနှစ်မေလ ၄ ရက် ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ ၃ သန်းကျော် ရှိလာပြီလို့သိရပါတယ်။ နေရပ်စွန့်ခွာသူ ၃ သန်းထဲက ၂ သန်း ၇ သိန်းကျော်ဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သုံးပုံ တပုံ ကတော့ ပညာဆက်မသင်နိုင်တဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်း၊ မကွေး နဲ့ စစ်ကိုင်း တိုင်းတွေမှာ အရပ်သား ၁ သန်း ၅ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အများဆုံးပမာဏ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီလိုဆိုရင် လက်ရှိအနေအထားအရ တနိုင်ငံလုံးနေရာ အနှံ့ စစ်ပွဲတွေဖြစ်ပွားနေချိန် ၊ ပဋိပက္ခတွေကြောင့် ပြည်သူလူထုသန်းချီပြီး နေရပ်စွန့်ခွာနေရတဲ့အချိန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်း ဖို့အတွက် ဘာကြောင့် အသဲအသန်ကြိုးပမ်းနေတာလဲ ။

အာဏာဆွဲဆန့်လိုမှုအတွက် သန်းခေါင်စာရင်း

စစ်ကောင်စီရဲ့မူလရည်ရွယ်ချက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို နိုင်ငံ ရေးနယ်ပယ်က ရှင်းထုတ်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံပါ ပေးထားချက်အတိုင်း အရေးပေါ်ကာလ ၂ နှစ်ထဲမှာ စစ်အာ ဏာရှင်စနစ် ခိုင်မာသထက်ခိုင်မာအောင်လုပ်ပြီးရင် ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတရာထူးကို တနည်းနည်းနဲ့ ဖြစ်အောင်ရယူဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာ သိမ်းစစ်ကောင်စီအပေါ် ပြည်သူလူထုရဲ့ ဆန့်ကျင်မှု၊ စစ်အာဏာရှင်ဖယ်ရှားရေး လက်နက်ကိုင်တွန်းလှန်မှုတွေဟာ မထင်မှတ်လောက်အောင် အင်အားကြီးမားခဲ့လို့ ဒီအကြံအစည်တွေ ရေစုံမျောခဲ့ရပါတော့တယ်။ ၂၀၂၃ မှာ ရွေး ကောက်ပွဲလုပ်မယ်ဆိုတဲ့ အိမ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဒီအချိန်ကျမှ ၂၀၂၄ မှာ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရေးဆိုတဲ့ ထိုးဇာတ်ကို ဆွဲထုတ်လာပါတော့တယ်။ သန်းခေါင်စာရင်းနဲ့ မဲစာရင်းကို အတင်းဆက် စပ်ပြ လာပါတယ်။

တကယ်တော့ သန်းခေါင်စာရင်းကောက်တဲ့ကိစ္စနဲ့ မဲစာရင်းမှန်ကန်ဖို့ဆိုတဲ့ကိစ္စနှစ်ရပ်ဟာ အတင်းဆက်စပ်စရာ မ လိုပါဘူး။ သန်းခေါင်စာရင်း ကောက်သည်ဖြစ်စေ၊ မကောက်သည်ဖြစ်စေ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှု မရှိပါဘူး ။ ၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ ကျင်းပရာမှာလည်း မဲစာရင်းမှန်ကန်ဖို့ဆိုပြီး သန်းခေါင်စာရင်းနဲ့ အ တင်းဆက်စပ်ပြီး မစဉ်းစားခဲ့ပါဘူး ။ သက်ဆိုင်ရာ လ၀ကရုံးတွေရဲ့ စာရင်းဇယားတွေနဲ့ လုံလောက်ခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းဟာ နိုင်ငံရေးနဲ့ ကင်းရှင်းမှု၊ ကြားနေမှု၊ ဘက်မလိုက်ဘဲ သမာသမတ်ကျတဲ့ အချက်အလက်ရရှိမှုတွေကို အခြေခံတာဖြစ်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ လူမှုရေး၊ စီးပွားရေး အကြောင်း အချက် တွေကို ခွဲခြမ်းစိတ်ဖြာပြီး စာရင်းအင်းအချက်အလက်ကို ကောက်ယူထုတ်ပြန်ပေးရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုဟာ “လူတဦးချင်းစီကို ကောက် ယူရမယ် ၊ နယ်နိမိတ်တခုထဲမှာရှိတဲ့ လူအားလုံးကိုကောက်ယူရမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကာလတခုထဲမှာ တပြိုင်တည်းကောက်ယူရမယ်” ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီရမယ်လို့ သတ်မှတ်ထားပါတယ်။

“ဖြတ်-ညှပ်-ကပ်”သန်းခေါင်စာရင်းလား

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူစဉ်က ပညာရေးဌာနက ဆရာ/ဆရာမ အင်အား ၁ သိန်းနီးပါးအပြင် သွားဖွား ဆရာမတွေကိုပါ စာရင်းကောက်အဖြစ် တာဝန်ပေးခဲ့ရပါတယ်။ စာရင်းကောက်တွေအားလုံးကို ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (NUFPA) က သင်တန်းတွေ အကြိမ်ကြိမ်ပေးခဲ့ရပါတယ်။ အခုချိန်မှာ မြို့နယ်ပေါင်း (၁၃၂) မြို့ နယ်ဟာ စစ်ကောင်စီက အပြည့်အ၀မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်း ချုပ်ထားတဲ့နေရာတွေ ဖြစ်နေတဲ့အတွက် ဒီမြို့နယ်တွေဟာ အပြည့်၀သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင် ပါ

ဘူး ။ သန်းခေါင်စာရင်းကောက်ယူမှုဟာ ငွေကြေးအကုန်အကျများပြီး လူအင်အားအများအပြား အသုံးပြုရတဲ့ လုပ် ငန်းစဉ်ဖြစ်ပါတယ်။၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူချိန်က UNFPA နဲ့ တခြား အ လှူ ရှင် နိုင်ငံတွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၄ သန်း နဲ့ နည်းပညာတွေကို ကူညီထောက်ပံ့ခဲ့ပေမဲ့ အခုချိန် မှာတော့ ဘယ်သူ့ဆီကမှ အကူအညီတွေ မရတော့ပါဘူး။

ဒီလိုအနေအထားတွေကြောင့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းထိုးဇာတ်ဟာ အာဏာအသက်ဆက်ရေး အချိန်ဆွဲ နည်းဗျူဟာသာ ဖြစ်ပါတယ်။ တရုတ်၊ ရုရှားနဲ့ အာဏာရှင်စနစ်နောက်ခံ အာဆီယံနိုင်ငံအချို့ရဲ့ သံတမန် ဆက် ဆံရေးကို ထိန်းထားနိုင်ဖို့အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ အောက်တိုဘာအပြီး ထွက်ပေါ်လာမဲ့ စစ် ကောင်စီရဲ့သန်းခေါင်စာရင်းမှတ်တမ်းဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ကိုက်ညီမှုမရှိတဲ့“ဖြတ်-ညှပ်-ကပ်” စာရင်း လိမ်တွေသာ ဖြစ်ပါလိမ့်မယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။