မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်း မတိုင်မီ အစည်းဝေးခန်းထဲ ဝင်လာတဲ့ ရုရှား ဝန်ကြီးတွေကို မြောက်ကိုရီးယား အရာရှိက အခန်းထဲကနေ ထုတ်ပယ်

Photo: Social Media

မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်း မတိုင်မီ အစည်းဝေးခန်းထဲ ဝင်လာတဲ့ ရုရှား ဝန်ကြီးတွေကို မြောက်ကိုရီးယား အရာရှိက အခန်းထဲကနေ ထုတ်ပယ်ခဲ့ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ် ကတော့ အစည်းအဝေး ကျင်းပမယ့် အခန်းထဲကို ပထမဆုံး ရောက်ခဲ့သူ ဖြစ်ပါတယ်။ လာရော့ဗ် ၏ နောက်တွင် ဒုတိယ၀န်ကြီးချုပ် ဒန်းနစ် မန်ချာရော့ဗ်၊ ဒုတိယ၀န်ကြီးချုပ် ဗစ်တလီဆာဗေးယက် နှင့် အခြားအရာရှိများ လိုက်ပါခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ မြောက်ကိုရီးယား အရာရှိတဦး က အခန်းထဲကို ဝင်လာပြီး ရုရှားအရာရှိများကို ခန်းမထဲမှ ထွက်သွားရန် အမိန့်ပေး၍ မြောက်ကိုရီးယားခေါင်းဆောင်က အစည်းအဝေးခန်းထဲ ကို သို့ ပထမဆုံးဝင်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်ရဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ ရုရှားအရာရှိတဦးက မြောက်ကိုရီးယား အရာရှိကို “ကျုပ်တို့ ဘာကြောင့် ဒီကိုရောက်လာတာလဲ” “ဒါကို ချက်ချင်း သတိပေးသင့်တယ်” လို့ ပြန်ပြောတာကို ပြသထားပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင် နှင့် ကိုယ်စားလှယ် အဖွဲ့သည် ကင်ဂျုံအန်၏ ဖိတ်ကြားချက်အရ ဇွန် ၁၈ တွင် ပြုံယမ်းသို့ သွားရောက်ခဲ့ပါတယ်။ ပြုံယမ်း လေဆိပ်တွင် ပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် က အရိုအသေပေးကြိုဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားသို့ တရားဝင်ခရီးစဉ်မတိုင်မီ ပူတင်က ယူကရိန်းကျူးကျော်စစ်တွင် ရုရှားကို ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့တဲ့ ကင်မ်ဂျုံအန်း ကို ချီးကျူးခဲ့ပါတယ်။ ပူတင်သည် ၎င်း၏ သမ္မတတာဝန် စတင်ထမ်းဆောင်ချိန် ၂၀၀၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားသို့ နောက်ဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေကြောင်း ရုရှားမီဒီယာများက ဖော်ပြပါတယ်။ မြို့တော် ပြုံယမ်းသို့ ပူတင် ရောက်ရှိမှုနှင့် ကြိုဆိုပွဲ အခမ်းအနား ဓာတ်ပုံများကို ရုရှား တရားဝင် တယ်လီဂရမ် ချန်နယ်များမှ ဖြန့်ဝေခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပူတင်အား လေယာဉ် ချဉ်းကပ်လမ်းတွင် ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ မော်တော်ကားတန်းများဆီသို့ မရောက်ရှိမီ မိနစ်အနည်းငယ်ကြာ ခေတ္တရပ်၍ အချင်းချင်း စကားပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ RIA က ဖော်ပြပါတယ်။ ကင်ဂျုံအန်း၏ ဖိတ်ကြားချက်အရ ရုရှားသမ္မတ က ပြုံယမ်းကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။

ယခု တွေ့ဆုံမှုသည် ၂၀၁၉ နောက်ပိုင်း ကင်နှင့် ပူတင်၏ တတိယမြောက်တွေ့ဆုံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဗလာဒီမာပူတင်သည် ၂၀၀၀ ခုနှစ်တွင် ရုရှားသမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် မြောက်ကိုရီးယားသို့ နောက်ဆုံးသွားရောက်ခဲ့ပြီး ကွယ်လွန်သူ ကင် ၏ ဖခင် ကင်ဂျုံအီနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ ရုရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ ဗလာဒီ‌ဗော့စတော့ခ် သို့ မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်လည်ပတ်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ပူတင်နှင့် ကင်ဂျုံအန်တို့  တွေ့ဆုံခဲ့ပါသေးတယ်။ မြောက်ကိုရီးယားသို့ သွားရာလမ်းတွင် ဗလာဒီမာပူတင်သည် ရုရှားဆိုက်ဘေးရီးယားသမ္မတနိုင်ငံ ယခ်ခုရှား တွင် ရပ်နားခဲ့ပါတယ်။ ခရီးစဉ်မတိုင်မီကတည်းက ပြုံယမ်းလမ်းမတွေထက်မှာ ရုရှားအလံများနှင့် ပူတင် ၏ ရုပ်ပုံ ပိုစတာများဖြင့် အလှဆင်ထားပါတယ်။