ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရပြီးနောက် ဆက်စပ်ဖမ်းဆီးခံရသူများရှိလာ

ပုံအညွှန်း- ဖမ်းဆီးခံလိုက်ရသည့် ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ရဲဘော်နှစ်ဦး YT (မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်မဲ့လှုပ်ရှားမှုများ၊ သပိတ်များပြုလုပ် လျက်ရှိသည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရပြီး နောက် ၎င်းတို့နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများရှိလာကြောင်း အဆိုပါအဖွဲ့ဥက္ကဋ္ဌက…

ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း စစ်ကြောရေးတွင် သေဆုံး

ပုံအညွှန်း – ဟိုင်းကြီး အမှတ် ၃ မီးသင်္ဂြိုဟ်စစ်ရှေ့တွင် တွေ့ရသည့် ဦးသန်းထွန်း၏ ရုပ်အလောင်း မင်းထက် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း ဦးသန်းထွန်း သည်…

ဟင်္သာတတွင် အမျိုးသား ၆ ဦး PDF ဟုစွပ်စွဲဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရ

ပုံအညွှန်း – ကွင်းကောက် တိုင်းဗဟိုလေ့ကျင့်ရေး(၅)အား Google Map မှ တွေ့စဥ် မင်းထက် (မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဧပြီလ ၂၂ ရက်နေ့က အမျိုးသားခြောက်ဦး ဖမ်းဆီးပြီး စစ်ကြော ရေးသို့ ပို့ဆောင်ခံထားရကြောင်း…

သူဌေးကျွန်းဟိုတယ် အပိတ်ခံရပြီးနောက် လူ ၂,၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကျွန်းဟိုတယ်အပိတ်ခံရပြီးနောက် ကော့သောင်းမြို့တွင် လူ ၂,၀၀၀နီးပါး အလုပ်လက်မဲ့ဖြစ်သွားရသည်ဟု သိရသည်။ ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဦးကျော်လွင်ကို ကော့သောင်းခရိုင်တရားရုံးက အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်လိုက်ပြီး ၎င်းပိုင်သူဌေးကျွန်းဟိုတယ် အပိတ်ခံရခြင်းဖြစ်သည်။ ‘’သူဌေးကျွန်းဟိုတယ်ပိတ်ခံရတော့ ကော့သောင်းမြို့က…

ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင် ၏ညီ စစ်ကောင်စီ စစ်ကြောရေးတွင် သေဆုံး (ရုပ်သံ)

ကိုရွှေမြိတ်(မဇ္ဈိမ) ။ ။ထိုင်းနိုင်ငံရော မြန်မာနိုင်ငံဘက်မှာပါ ဖမ်း၀ရမ်း ထုတ်ထားတဲ့ ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဦးကျော်လွင်ရဲ့ ညီဖြစ်သူ ဦးနောင်ပိန်ကို ပြီးခဲ့တဲ့…

ဖမ်းဆီးခံ NLD အမတ် စစ်ကြောရေးတွင်နှိပ်စက်ခံရမှုကြောင့် ထောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရ

မင်းထက် (မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် NLD အမတ် ဦးစိုးမိုးထွန်းသည် စစ်ကြောရေး၌နှိပ်စက်ခံရမှုကြောင့် ပုသိမ်ထောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း အကျဥ်းထောင် နှင့်နီးစပ်သူများကပြောသည်။ “ကိုစိုးမိုးထွန်း စစ်ကြောရေးမှာ တော်တော်နှိပ်စက်ခံထားရတဲ့ပုံပဲ။ ခြေထောက်တချောင်းဆို တော်တော် အခြေအနေဆိုးတယ်။ နံပါတ်တုတ်လို…

ဖမ်းဆီးခံ Dawei Watch သတင်းသမား ၂ ဦး မိသားစုနှင့်တွေ့ခွင့် မရ

ဖမ်းဆီးခံ Dawei Watch သတင်းသမား နှစ်ဦးပုံ ကိုရွှေမြိတ်(မဇ္ဈိမ)။ ။Dawei Watch သတင်းဌာနမှ မြိတ်အခြေစိုက် သတင်းသမားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့မရဲစခန်းသို့ ပို့ဆောင်ထားသော်လည်း မိသားစုနှင့်…

ကြံ့ခိုင်ရေးရုံး တိုက်ခိုက်ခံရမှုမှ ဖမ်းဆီးခံလူငယ် ၆ ဦးကို သတ်ဖြတ်ပစ်ဟုဆို

ပုံစာ – ကျောက်ဆည်မြို့အဝင်ဆိုင်းဘုတ် 007(မဇ္စျိမ) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသည့် လူငယ်ခြောက်ဦးကို၊ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ ရက်နေ့တွင် သတ်ဖြတ်ပစ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်က ကျောက်ဆည်မြို့အတွင်း လုံခြုံရေးတင်းကျပ်စစ်ဆေးခဲ့ပြီး…