ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင် ၏ညီ စစ်ကောင်စီ စစ်ကြောရေးတွင် သေဆုံး (ရုပ်သံ)

ကိုရွှေမြိတ်(မဇ္ဈိမ) ။ ။ထိုင်းနိုင်ငံရော မြန်မာနိုင်ငံဘက်မှာပါ ဖမ်း၀ရမ်း ထုတ်ထားတဲ့ ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးကျော်လွင်ရဲ့ ညီဖြစ်သူ ဦးနောင်ပိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က သူဌေးကျွန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် စစ်ဆေး ဖမ်းဆီးသွားပြီး ရဲစခန်းအချုပ်ကနေတဆင့် စစ်ကြောရေးကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ အလောင်းလာကြည့်ဖို့ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ကော့သောင်းမြို့ခံတဦးက ပြောပါတယ်။

သတင်း။ တင်ဆက်/တည်းဖြတ်>>>> ကိုရွှေမြိတ်