အပြစ်ကင်းတဲ့ ‘သူတော်စင်မဟုတ်’ပေမယ့် ပိုကောင်းလာအောင် ကြိုးစားနေသူဟု မက်ဒရစ်စူပါဖလားသူရဲကောင်း ဗီနီစီယပ်စ် ပြော

တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗီးယားမှာကစားသွားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်တို့ဟာ ဗီနီစီယပ်စ် ဂျူနီယာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ  ပြိုင်ဘက် ဘာစီလိုနာကို ၄-၁ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ ဗီနီစီယပ်စ်က အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့နောက် သူဟာ ပြီးပြည့်စုံနေသူ မဟုတ်သလို အပြစ်အနာဆာကင်းနေတဲ့ သူတော်စင်တယောက်လည်း…