အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေများကြောင့် အာဖရိကကြွေးမြီအကျပ်အတည်း ပိုဆိုးလာ

ဆာဟာရတပိုင်းနိုင်ငံများတွင် အများပြည်သူကြွေးမြီတင်ရှိမှုများ ၂၀၁၂ခုနှစ်နောက်ပိုင်းများလာနေသည်။ တရုတ်က ယင်းဒေသတွင် ချေးငွေအများအပြားချေးထားသည်။

တရုတ်က ရန်လိုသော မဟာဗျူဟာများကို ကျင့်သုံးမှုကြောင့် ကမ္ဘာတွင်တရုတ်ဩဇာချဲ့ထွင်မှုနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေလေ့ရှိသည်။တရုတ်ကို စူပါပါဝါအဖြစ် သတ်မှတ်မည့် အစား အရေးပါသည့် အိမ်နီးချင်းနိုင်ငံအများစုကရန်ဘက်အဖြစ် ရှုမြင်ကြသည်။တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို တိုင်းတာရန် အဖိုးတန်အချက်အလက်မှာအကျပ် အတည်းနှင့် ပဋိပက္ခမျာအတွင်း မဟာမိတ်များအဖြစ် တရုတ်က အမှန်တကယ်အားထားနိုင်သည့် နိုင်ငံအရေအတွက်ဖြစ်သည်။ယင်းအရေအတွက်ကကျဆင်းလာနေသည်။ နိုင်ငံအနည်းငယ်မှလွဲ၍ တရုတ်သည် ယင်း၏စူပါပါဝါ ရည်မှန်းချက်များကို တားဆီးနိုင်သော အရေးကြီးသောနိုင်ငံများနှင့် ပဋိပက္ခများ
ဆက်လက်ဖြစ်ပွား နေသည်။
တရုတ်၏ လုပ်ရပ်ကြောင့်ပင် ရန်ဘက်များ တိုးလာပြီး မဟာမိတ်များ ဆုံးရှုံးနေပုံရသည်။ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲကမ္ဘာတွင် ရင်ဆိုင်နေရသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ် မှုများကို အကူအညီပေးမည့်စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်ကို တချိန်က ထင်ခဲ့ကြ သော်လည်း တရုတ်သည်ယင်းတို့၏ အရင်းအမြစ်များကို အသုံးချကာ အနောက်နိုင်ငံများ၏ စီးပွားရေး အမှားများကိုပြလုပ်မည်မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အတိုးနှုန်းမြင့်သော ချေးငွေများကို ချေးပေးခဲ့ သည်။ယင်းအခြေခံအချက်များကြောင့် အာဖရိကနှင့် အခြားဖွံ့ဖြိုးဆဲမိတ်ဖက်များသည် တရုတ်၏ဆွဲဆောင်မှုရှိသောကမ်းလှမ်းမှုများကို လျင်မြန်စွာ ရယူခဲ့ကြသည်။

အခြေခံအဆောက်အအုံတိုးတတ်ရေးအတွက် ဖွံ့ဖြိုးရေးချေးငွေများမှသည် အိမ်ရှင်နိုင်ငံလုပ်ဆောင်လို သည့် စီမံကိန်းများကို ဦးစားပေးသည့် ဘဏ္ဍာရေးပုံစံများ ပြန်လည်ရေးဆွဲခြင်းအထိ၊တရုတ်၏ ချစ်ကြည်ရင်းနှီးမှု၏ ကနဦးပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးကျေးဇူများရရှိခဲ့ပုံပေါ်ခဲ့သည်။
သို့သော် တရုတ်နှင့် ပူးပေါင်းမှုမှ သင်ခန်းစာများစွာ ရရှိခဲ့ကြသည်။ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) တခုတည်းက မမြင်နိုင်သော ကြွေးမြီပမာဏ ဒေါ်လာ ၃၈၅ ဘီလီယံခန့်သည်ဆင်းရဲသောနိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီး
လာမည့်နှစ်များတွင် ပိုမို များလာ ဖွယ်ရှိသည်။

အာဖရိက၏ တရုတ်နှင့် မိတ်ဖက်ဆက်ဆံရေး အန္တရာယ်များအာဖရိကမှအစပြု၍ အတိုးနှုန်းမြင့်မားသည့်ချေးငွေများသည် မဖွံ့ဖြိုးသေးသောကမ္ဘာ၏စီးပွားရေး အခြေခံများကို ယိမ်းယိုင်စေခဲ့သည်။ အခြေခံအဆောက်အအုံဆိုင်ရာ စာချုပ်များနှင့်
တရုတ်ကန်ထရိုက် တာများက တင်ပြသည့် မှားယွင်းသော ၀င်ငွေခန့်မှန်းချက်များအောက်တွင်ဖုံးကွယ်ထားသော ကြွေးမြီများသည် အိမ်ရှင်နိုင်ငံများကို ကုန်ကျစရိတ် ကြီးမားစေခဲ့သည်။အတိုးနှုန်းမြင့်မားပြီး တင်းကျပ်သောစာချုပ်များကြောင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် တရုတ်ချေးငွေမှ ကြွေးမြီများစုပုံလာပြီးကြွေးမြီပြဿနာကို အာဖရိကနိုင်ငံအများအပြားသည် ရင်ဆိုင် ခဲ့ရသည်။

နှစ်ပေါင်းများစွာ တရုတ်က အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများအတွက်ချေးငွေများ ပေးအပ်ခဲ့ပြီး အန်ဂိုလာ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဂျီဘူတီ၊ ကင်မရွန်း၊ဇမ်ဘီယာနှင့် ကွန်ဂိုသမ္မတနိုင်ငံတို့အပါအဝင် အခြားသော အာဖရိကမိတ်ဖက်သုံးဆယ်ကျော်အား ချေးငွေများ ပေးအပ်ခဲ့သည်။မဟာမိတ်အထိ ဖြစ်စေနိုင်သည့် ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများ၏ အကြောင်းပြ၍ တရုတ်ကငွေကြေး မတည်ငြိမ်သောနိုင်ငံများကို စီးပွားရေးအထောက်အပံ့ပေးကာအကူအညီပေးသည့်ဟန်ဆောင်ခဲ့သည်။ ဇမ်ဘီယာ၊ ကွန်ဂို၊ အီသီယိုးပီးယားနှင့်ကင်ညာကဲ့သို့သော နိုင်ငံများသည် တရုတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်များမှအတိုးမြင့်ချေးငွေများကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်လာခဲ့သည်။

စီးပွားရေးကျဆင်းစေသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု

ဒေသတွင်းတွင် တရုတ်နှင့် အနီးကပ်ဆုံး မဟာမိတ်ဖြစ်ပြီး၊တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်(CPEC) ပုံစံဖြင့် တရုတ်၏ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုများတည်ရှိရာဖြစ်သည့် ပါကစ္စတန်တွင်သက်ရောက်မှုမှာ ပြင်းထန်လှသည်။Aid Data မှ ပြုလုပ်သော လေ့လာမှုတွင် တရုတ်သည်
ယင်းအခြေခံအဆောက်အအုံစီမံကိန်းများ အတွက် ချေးငွေများကို တရုတ်ဖွံ့ဖြိုးရေးဘဏ်များမှတဆင့် ဘဏ္ဍာငွေထောက်ပံ့ပေးခဲ့ခြင်းဖြင့် ပါကစ္စတန်၏ စုစုပေါင်း ပြင်ပကြွေးမြီများကိုပိုမိုများပြားလာစေခဲ့သည်။ယင်းကြောင့် CPEC စတင်ချိန်မှစ၍ ပါကစ္စတန်၏ ကုန်သွယ်မှုလိုငွေများ သိသိသာသာများပြားလာခဲ့ သည်။ အတိုးနှုန်းမြင့်မားပြီး ပွင့်လင်းမြင်သာမှုမရှိသော စည်းကမ်းချက်များ၊ပါကစ္စတန်၏ ကြွေးမြီများ ကို ပြန်ဆပ်နိုင်စွမ်းနှင့် တရုတ်အပေါ် ကြွေးမြီမှီခိုမှုအန္တရာယ်ကြောင့်စီမံကိန်းအများအပြားမှာ သတ်မှတ်ရက်တွင်း မပြီစီးနိုင်ဖြစ်နေသည်။
ယင်းသည် တရုတ်အား မိတ်ဖက်အဖြစ် မယုံကြည်နိုင်မှု၏ စံနမူနာတခုဖြစ်ပြီး၊ ပါကစ္စတန်၏ဓာတ်အား ဝယ်ယူရေး သဘောတူညီချက်များ ပြန်လည်ညှိနှိုင်းရန် တောင်းဆိုချက်ကို တရုတ်ကငြင်းဆိုခဲ့ခြင်းဖြင့် ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုထိခိုက်စေခဲ့သည်။

စီးပွားရေးကျဆင်းစေသည့်အပြင် မဟာမိတ်နှစ်ဦးအကြားဆက်ဆံရေးထိခိုက်လာခဲ့သည်။ယင်းသည် ပါကစ္စတန်ရှိတရုတ်ရင်းနှီးမြှုပ်နှံမှုများအားလုံးအပေါ်သက်ရောက်စေခဲ့ပြီး CPEC သည် ဆိုးရွားသောကျရှုံးမှုအဖြစ် ယူဆလာကြသည်။ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖော်ဆောင်ရေးအတွက် ပါကစ္စတန်၏နိုင်ငံရေးအခြေအနေမကောင်း မှုကို မှန်ကန်စွာ တရုတ်က အကဲမဖြတ်နိုင်ခြင်းကလည်းမဟာမိတ်နှစ်ဘက်စလုံး အထိနာစေသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဘက်စုံချစ်ကြည်ရင်းနှီးမှုပုံစံဖြင့် လုပ်ဆောင်ရန်မျှော်လင့်ခြင်းသည် သုံးသပ်သူများ၏ လွဲမှားမှုဖြစ်သည်။ထို့ကြောင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘာတဝန်းရှိ တရုတ်၏ မဟာမိတ်များကိုများစွာနစ်နာစေပါသည်။

စိတ်ကူးယဉ်ညံ့ဖျင်းသော စီးပွားရေးမူဝါဒများအတွက် မိတ်ဖက်နိုင်ငံများကိုစမ်းသပ်ရာနေရာအဖြစ် အသုံးပြုကာ နိုင်ငံတကာဖိုရမ်များတွင် ၎င်းတို့၏နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို အသုံးချခြင်းဖြင့် တရုတ် သည် ယုံကြည်စိတ်ချရသောမိတ်ဖက်ဟူသည့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူများကို လျစ်လျူရှု ထားခဲ့သည်။ဤနည်းဗျူဟာသည် ၎င်း၏မဟာမိတ်များနှင့် ကင်းကွာစေခဲ့ပြီး အရေးပါသော မိတ်ဖက်များဆုံးရှုံးစေ ကာ အနောက်နိုင်ငံများနှင့် ပိုမိုနီးစပ်သွားစေပြီး ရန်ဘက်များကိုအားကောင်းစေခဲ့သည်။ထို့ကြောင့်၊ ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် အင်အားကောင်းသော စူပါပါဝါနိုင်ငံအဖြစ်တရုတ်ကို ရည်မှန်းထားသည့် ဖွံ့ဖြိုးဆဲကမ္ဘာအတွက် တရုတ်နှင့် ပူးပေါင်းခြင်းသည် ယင်းတို့၏စီးပွားရေးကိုသာ ထိခိုက်စေမည်ဆိုသည့် သင်ခန်းစာကိုသာ ရရှိစေမည်ဖြစ်သည်။