နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃၀ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅ -တပ်ရင်းကအပတ်စဥ် ၄ အခြေခံ စစ်သင်တန်း တက်ရောက် ပြီးစီးခဲ့ကြောင်း ယနေ့အသိပေးထုတ်ပြန်သည်။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏လက်နက်ကြီးအထိုင်ချထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေပူးပေါင်းပြီး ဒရုန်းနှင့် ဗုံးသီး ၁၆လုံး ကြဲချ တိုက် ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖဒရုန်းအဖွဲ့က ထုတ်ပြန်လိုက်သည်။ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ် ၊ လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး
အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းသတင်းနှင့်ပြန်ကြားရေး ဌာနက တာဝန်ရှိသူတစ်ဦးကပြောဆိုချက်ကို ကိုးကား၍ရန်ကုန်ခေတ်သစ်သတင်းတွင် ရေးသားထားသည်။ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင်အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြောင်း
သိရှိရသည်။


တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြားလူ အများအပြားပိတ်မိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဒဏ်ကို ခံနေရ သောကြောင့် အရပ်သားများအား တိုက်ပွဲကြားမှထွက်ခွာ
ခွင့်ပြုရန် လိုလားနေကြသည်ဟု မိုးကုတ်ဒေသခံများက မဇ္ဈိမကိုပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံအနီးတွင် ၄ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်းဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် မီဒီယာတွင်
ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်တွင် သံဃာတော် အရှင်သူမြတ် တို့က “ ဓမ္မန္တရာယ် စကစ ရဟန်းရှင် လူတို့ တိုက်ဖျက်ကြ ” စာသားကိုင်ဆောင်ကာဒီနေ့မှာ ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၁၄၂ရက်မြောက်နေ့အဖြစ်ဒေသတွင်းသပိတ်များနှင့် အတူ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက၁၁၄၂ရက်မြောက်နေ့ အဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ၊တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်း တို့နှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ယင်းမာပင်ခရိုင်အမှတ် ၃၅ – PDA Yinmarbinတပ်ရင်းမှ အမှတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ် ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့်မိုးတိုက်၊ CB bank ၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲစခန်း၊ ထွေအုပ်ရုံးတို့ကို လက်နက်ကြီး၊ ဒရုန်း၊လက်နက်ငယ်များနှင့် ဇွန် ၂၇ရက်နေ့ ညနေ ၃နာရီက တော်လှန် ရေးတပ်များ ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PLA( ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)ကထုတ်ပြန်လိုက် သည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရသံဃာတော်များစုဝေး၍ ၂၉ ဇွန်လ ရက်တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ယနေ့ ဇွန်လ ၃၀ရက်နေ့တွင် ပြည်သူမှ ပြည်သူသို့အဖွဲ့က အိမ်ထောင်တစ်စုလျှင် ၁ လီတာ နှုန်းဖြင့်နေကြာဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်းမှာ တကျော့ပြန်လည်လာသည့် ၁၀၂၇ စစ်ဆင်‌ရေးဒုတိယလှိုင်းအတွင်း၌ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်က စစ်ဆင်ရေး စခဲ့သည့် ဇွန် ၂၅ရက်နေ့ကစတင်ပြီး TNLA အပါ အဝင် အခြားမဟာမိတ်များနှင့် ပါဝင်တိုက်ခိုက်နေကြောင်းယနေ့အသိပေးထားသည်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာဆီလွှဲပြောင်းရောင်းချမှုများ တားဆီးရန် အမေရိကန်ပြည်ထောင်စုကအခိုင်အမာထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး LindaThomas-Greenfield က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး စစ်တပ်ပါတပ်စွဲထား သော ဆင်ချောင်းပျူစောထီးရွာအား PDFများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူပေါင်းပြီး ၁၁၅ ကြိမ်မြောက်စစ်အာဏာ သိမ်းမှုအလိုမရှိဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် အာဏာရှင်ဆန်သမျှ တာဝန်အရဖီဆန်ကြရန်နှင့်စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် လူထုတိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်ကြရန်တိုက်တွန်းလှုံ့ဆော်သည့်အနေဖြင့် ယမန်နေ့က လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုနှင့်မန္တလေးတိုင်း မိုးကုတ်မြို့တို့၌ ဇွန်လ ၂၅ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)၏ငါးရက်တာကာလအတွင်း အရပ်သား ပြည်သူ ၂၂ ဦးသေဆုံးပြီး ၃၀ ခန့်ထိခိုက်ဒဏ်ရာရရှိထားသည်ဟု တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(PSLF/TNLA )က ဇွန် ၂၉ရက် ရက်စွဲဖြင့် ယနေ့(ဇွန်လ ၃၀ ရက်)တွင် ထုတ်ပြန်သည်။၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်ပြီး ငါးရက်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် ၅၃ ဦး လက်နက်ချအလင်းဝင်လာခဲ့ကြောင်းတအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ယမန်နေ့ (ဇွန်လ ၂၉) ညတွင်ထုတ်ပြန်သည်။

ချင်းပြည်နယ် ၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုလည်းသိမ်းပိုက်ရရရှိထားပြီးဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ (ဇွန်လ ၂၉ရက်)တွင်ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ချိုးဖောက်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန် အသိပေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ မြောက်ဘက် နမ့်ဖူးယိုင်ရှိ MNDAA နယ်မြေကိုစစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ကိုးကန့်ရဲဘော် ၂ဦကျဆုံးကြောင်း MNDAA ၏ သတင်းထုတ်ပြန်ရေး The Kokang က သတင်းဖော်ပြသည်။


စစ်ကောင်စီမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၆) ကြိမ်မြောက် မြန်မာ -ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် ကမြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိ ယ ဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင်ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ
တက်ရောက်ကြကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

အာဏာသိမ်းဒုစစ်ခေါင်းဆောင် စိုးဝင်းအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သော (၃၆) ကြိမ်မြောက် မြန်မာ – ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Lt.Gen. PrasanSaengsirirak ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားများကို ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။


ဇွန် ၃၀ ရက် သုံးသပ်ချက်

ရှမ်းမြောက်ပိုင်းတကျော့ပြန် စစ်ပွဲများတွင် စစ်ကောင်စီသည် ထုံးစံအတိုင်းအထိနာရှုံးနေသည့်အခါတွင် အရပ်သားပြည်သူများ၏ နေအိမ်များကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေသကဲ့သို့ တချို့မြို့ထဲရှိ ပြည်သူများကို ဘေးလွတ်ရာကို ထွက်ခွာခွင့်မပေးဘဲလူသားဒိုင်းလုပ်ထားကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြန်သည်။