စစ်ရေးတင်းမာနေသည့် သံတွဲမြို့ပေါ် မြင်ကွင်း

ဓာတ်ပုံ-STU (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် မြို့မရဲစခန်းနှင့် ခြေမြန်တပ်ရင်း ခမရ(၅၆၆)ကိုယနေ့(ဇွန်လ ၂၄ရက်) ထပ်မံသိမ်းပိုက်လိုက်သည်ဟု ကြားသိရကြောင်း မြို့ခံအချို့ကပြောသည်။ လတ်တလောစစ်ရေးအခြေအနေအရ မြို့ပေါ်တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သည့်အခြေအနေများကြောင့် မြို့ခံအများအပြားသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်။ လက်ရှိမြို့တွင်ကျန်ရှိနေသူများကလည်း ပြင်ပသို့မထွက်ရဲဘဲနေအိမ်များအတွင်း…