ကောလင်းမြို့ခရိုင်ထွေအုပ်ရုံး၌ ပြည်သူ့တော်လှန်ရေးအလံလွှင့်ထူ

ကောလင်းမြို့ခရိုင်ထွေအုပ်ရုံး၌ ပြည်သူ့တော်လှန်ရေးအလံလွှင့်ထူ

ဓာတ်ပုံ − NUG-MOD

ရွှေနွယ် မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက် ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် ကောလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြည်သူ့တော် လှန်ရေးအလံလွှင့်ထူပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) က ထုတ်ပြန်သည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲရေး အစီအစဥ် ဖြင့် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ရရှိကြောင်းကို NUG-MOD ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်ထားသည်။

ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ပြီး လေးရက် မြောက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ