“တရုတ်က ဖိအားပေးပေမယ့် ရပ်တန့်သွားမယ် မထင်ပါဘူး” (Editorial Talk)

မဇ္ဈိမ။ ။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းက တရုတ်အစိုးရ ဦးဆောင်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ညီနောင်သုံးဖွဲ့ကနေ ဦးဆောင်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေတဲ့ ကာလအတွင်း ဒီတွေ့ဆုံဆွေးနွေးမှုကနေ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်မှုရှိနိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက်ဂျူချန်းတို့က ဒီတပတ် Editorial Talk အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။