ဟန်ထူးဇော်၏ စစ်သတင်းထောက် အတွေ့အကြုံများ | Exclusive Interview

တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ ကပ်နိုင်သမျှကပ်ကာ မေးမြန်းစုံစမ်း၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်လုပ်ရသော စစ်သတင်းထောက်ဘ၀မှာ ဂျာနယ်လစ်ဇင်တွင် အန္တရာယ်အများဆုံးအလုပ်ဟု အများအားဖြင့်သတ်မှတ်ကြသည်။ ကိုဟန်ထူးဇော်မှာ ထိုသို့သော စစ်သတင်းထောက်အလုပ်ကိုရွေးချယ်ခဲ့သော အနည်းစုတွင်ပါဝင်ကာ မဇ္ဈိမမီဒီယာအတွက် သတင်းပေးပို့မှုများပြုလုပ်လျှက်ရှိသည်။ ယခု Exclusive Interview အစီအစဉ်တွင် ကိုဟန်ထူးဇော်၏ စစ်မြေပြင်သတင်းထောက်ဘ၀ အတွေ့အကြုံများကို မီးမောင်းထိုးပြထားသည်။