“စစ်ခွေးထွက်ပြေး ၂၀၂၄ ဆိုတဲ့အတိုင်း”ဦးအောင်မျိုးမင်း၊NUG ဝန်ကြီး | Human Rights Barometer – Episode 30

“စစ်ခွေးထွက်ပြေး ၂၀၂၄ ဆိုတဲ့အတိုင်း”ဦးအောင်မျိုးမင်း၊NUG ဝန်ကြီး|Human Rights Barometer – Episode 30

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတလွှား လူ့အခွင့်အရေးချိုးဖောက်မှု ၄,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၃၀၀ ကျော်ပါဝင်သော လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မဇ္ဈိမ၏ Human Rights Barometer အစီအစဉ်တွင် ထဲ့သွင်းပြောကြားသွားသည်။

တရားလက်လွတ်သတ်ဖြတ်ခြင်းများတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများလည်း ပါဝင်ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင်အများဆုံးဖြစ်သည်ဟု သိရသည်။ “တချို့ဆိုရင် စစ်တိုက်ဖို့မဟုတ်ဘူး။ တွေ့သမျှလူကိုသတ်ဖို့၊ တွေ့သမျှနေအိမ်တွေကိုဖျက်စီးဖို့၊ တွေ့သမျှပစ္စည်းတွေကိုလူယူပေးဖို့အတွက် သတ်မှတ်ထားတဲ့ အရင်တုံးက နာမည်ကြီးခဲ့တဲ့ ဘီလူးစစ်ကြောင်းတို့လိုမျိုး၊ တခြားနာမည်တွေပေးပြီးတော့ ပြည်သူတွေကိုခြောက်လှန့်တဲ့စစ်ကြောင်းတွေကိုစုစည်းပြီးလုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ကိုင်းတိုင်းမှာပိုပြီးတော့ဆိုးဝါးခဲ့ပါတယ်။” ဟု ဝန်ကြီးကပြောသွားခဲ့သည်။

၂၀၂၄ ခုနှစ်တွင်ကော မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအနေအထားမည်သို့ဖြစ်လာနိုင်သနည်း။