၂၀၂၅ မှာ ကလပ်ကမ္ဘာ့ဖလားမှာ ကစားရမယ့် ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး

AFP

FIFA က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပုံစံသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ပထမအကြိမ်အဖြစ် ၂၀၂၅ မှာ ကျင်းပမှာဖြစ်ပြီး ဥရောပဟဲဗီးဝိတ်တွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ ပါဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုမှာ ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမှာဖြစ်ပြီး အသင်း ၃၂ သင်းပါဝင်ပြီး အုပ်စု ရှစ်ခုခွဲကာ အုပ်စုတခုစီမှ ထိပ်ဆုံးနှစ်သင်းက နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။

UEFA (ဥရောပ)က အသင်း ၁၂ သင်းနဲ့ CONMEBOL (တောင်အမေရိက)က ၆ သင်း၊ CAF (အာဖရိက)၊ AFC (အာရှ)နဲ့ CONCACAF (မြောက်အမေရိက)တို့မှ အားလုံး လေးနေရာစီနဲ့ OFC (သမုဒ္ဒရာပိုင်းဇုန်)မှ တနေရာပါဝင်ကြမှာဖြစ်ပါတယ်။

ဥရောပ လေးနေရာအတွက် ၂၀၂၁ ကစလို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ကြတဲ့ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့အပြင် ၂၀၂၄ မှာ ချန်ပီယံဖြစ်လာမယ့် အသင်းကိုလည်း ခွဲပေးထားပါတယ်။

UEFA အဆင့်သတ်မှတ်ချက်အရ ပဲရစ်စိန့်ဂျာမိန်း၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ပေါ်တို့နဲ့ ဘင်ဖီကာတို့က ၂၀၂၅ ပြိုင်ပွဲအတွက် ဥရောပမှ နောက်ထပ် ငါးနေရာကို ရရှိထားပြီးဖြစ်ပါတယ်။