ခြေစမ်းပွဲမှာ ငယ်ဘဝကလပ် နယူးဝဲလ်နဲ့ တွေ့ဆုံမယ့် မက်ဆီ

အာဂျင်တီးနားရဲ့ Newell’s Old Boys အသင်းဟာ ဖေဖော်ဝါရီမှာ အင်တာမိုင်ယာမီနဲ့ ရာသီကြိုခြေစမ်းပွဲကစားဖို့ သဘောတူညီပြီးနောက် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ငယ်ဘဝကလပ်နဲ့ ရင်ဆိုင်မယ့် လူစာရင်းမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

မေဂျာလိဂ်ဘောလုံးအသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ သူတို့ရဲ့ DRV PNK ကွင်းမှာ နယူးဝဲလ်အသင်းကို လက်ခံကစားမှာဖြစ်တယ်လို့ ကလပ်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

နယူးဝဲလ်အသင်းဟာ မက်ဆီ မွေးဖွားကြီးပြင်းရာ ရိုဆာရီယိုမြို့မှာ အခြေစိုက်ပါတယ်။ မက်ဆီဟာ အသက် ၁၃ နှစ်မှာ စပိန်ကလပ် ဘာစီလိုနာကို မပြောင်းရွှေ့ခင် သူတို့ရဲ့ လူငယ်အသင်းမှာ ကစားခဲ့ပါတယ်။

အင်တာမိုင်ယာမီန်နည်းပြ ဂျရတ်ဒို ‘တာတာ’ မာတီနိုဟာလည်း မြို့ကနေ ကြိုဆိုခဲ့ပြီး ၂၀၁၂ မှာ အသင်းနည်းပြအဖြစ် ပြန်မလာခင် ကလပ်အသင်းအတွက် သုံးကြိမ် ကစားခဲ့ပါတယ်။

“ကျနော်ချစ်ရတဲ့ နယူးဝဲလ်ကို မိုင်ယာမီမှာရှိတဲ့ ကျနော်တို့ အိမ်ကနေ ကြိုဆိုရတာ ဝမ်းသာမိပါတယ်။ နယူးဝဲလ်က ကျနော့်အတွက် အဓိပ္ပာယ်ရှိတဲ့ အရာအားလုံးဖြစ်တာကြောင့် အထူးကောင်းမွန်တဲ့ ပွဲတပွဲဖြစ်မှာပါ” လို့ မာတီနိုက ပြောပါတယ်။

“စိတ်လှုပ်ရှားစရာကောင်းတဲ့ ရာသီဖြစ်မှာမို့ ဒါဟာ သေချာပေါက် ပြင်ဆင်ဖို့ အခွင့်အရေးကောင်း တခုလည်း ဖြစ်မှာပါ”လို့ ၎င်းက ပြောကြားခဲ့သည်။

ဒီပါပွဲဟာ ဇန်နဝါရီ ၁၉ ရက်မှာ ဆန်ဆာဗေးဒေါမှာ အယ်လ်ဆာဗေးဒေါ လက်ရွေးစင်အသင်းနဲ့ တွေ့ဆုံရာမှာ ပြင်ဆင်မှုတွေ စတင်မယ့် မိုင်ယာမီအတွက် အလုပ်များတဲ့ ရာသီကြိုအချိန်ဇယားရဲ့ နောက်ဆုံးပွဲဖြစ်ပါတယ်။

အဲဒီနောက်မှာ ကလပ်အသင်းဟာ ဟောင်ကောင်နဲ့ တိုကျိုတို့မှာ ပွဲစဉ်တွေမကစားခင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲအပါအဝင် ဆော်ဒီအာရေဗီးယားမှာ နှစ်ပွဲကစားမှာဖြစ်ပါတယ်။

(AFP)