ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် ဂျင်မီလိုင်ကို ရုံးတင်စစ်ဆေး

ဂျင်မီလိုင်/Photo:AFP

CNA-အကျဉ်းချခံထားရသော ဒီမိုကရေစီလိုလားသူ မီဒီယာ လုပ်ငန်းရှင် ဂျင်မီလိုင်အား အမျိုးသား လုံခြုံရေးရာဇ၀တ်မှုဖြင့် ဟောင်ကောင်တွင် ဒီဇင်ဘာ ၁၈ ရက် က ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် တသက် ချမှတ် လိုက်သည့် အတွက် နိုင်ငံတကာ၏ ရှုတ်ချမှုဖြင့် ရင်ဆိုင်နေရသည်။

အသက် ၇၆ နှစ်ရှိ လိုင်သည် “နိုင်ငံခြား တပ်ဖွဲ့များနှင့် လျှို့ဝှက် ပူးပေါင်းခြင်း” အပါအဝင် ရာဇ၀တ်မှု အများအပြားဖြင့် စွဲချက်တင်ခံရပြီး တရုတ် ဒီမိုကရေစီရေး ဆန္ဒပြပွဲများ အပြီး ၂၀၂၀ တွင် ဟောင်ကောင် ၌ ပြဋ္ဌာန်းထားသော တရုတ်အမျိုးသားလုံခြုံရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။

လိုင် နှင့် ပတ်သက်၍ အနီးကပ် စောင့်ကြည့်နေခြင်းသည် တချိန်က ရရှိခဲ့သော မြို့သူမြို့သားများ၏ လွတ်လပ်မှု မည်မျှ ရှိနေသည် ကို စမ်းသပ်ခြင်းဖြစ်သည်။

ဟောင်ကောင် လုံခြုံရေးဥပဒေအောက်တွင် လူ ၃၀ ကျော်ကို ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း လိုင်သည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အသိအမှတ်ပြုခံရဆုံးပုဂ္ဂိုလ်များထဲမှ တဦးဖြစ်သည်။

လိုင်သည် “နိုင်ငံခြားနှင့် လျှို့ဝှက် ဆက်သွယ်မှု” စွဲချက်ဖြင့် ပထမဆုံး ရုံးတင်စစ်ဆေးခံရသူဖြစ်ပြီး ထောင်ဒဏ် တသက် အပြစ်ပေးခံရသည်။

‌ဟောင်ကောင်မှ ထွက်ပြေးသွားကြသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ရဲတပ်ဖွဲ့မှ ကြီးမားသော ဆုကြေးငွေပေး၍ ဖြိုခွင်းခြင်း ကို အမေရိကန် နှင့် ဗြိတိန် တို့ က ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။

လိုင် အပေါ် အပြင်းထန်ဆုံး စွဲဆိုချက်မှာ ၁၉၉၅ ခုနှစ်တွင် ၎င်း တည်ထောင်ခဲ့သော Apple Daily သည် တချိန်က ဟောင်ကောင်တွင် လူကြိုက်အများဆုံး တရုတ်ဘာသာစကား သတင်းစာကြောင့် ဖြစ်သည်။

အဆိုပါ သတင်းစာသည် တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၂၀၁၉ တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်၏ ကြီးမား ပြင်းထန်သော ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို ထောက်ခံခဲ့သည်။

နောက်ပိုင်းတွင် လိုင် က တရုတ်နှင့် ဒေသတွင်း အရာရှိများအပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အာဏာပိုင်များ က ၎င်း အား နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းပြီး ဟောင်ကောင်ဒေါ်လာ ၁၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်း) တန်ဖိုး ရှိသော ပိုင်ဆိုင်မှုများအား လုံခြုံရေးဥပဒေကို အသုံးပြုပြီး ၂၀၂၁ ဇွန် တွင် ပိတ်သိမ်းခဲ့သည်။

လိုင် နှင့် Apple Daily အမှုဆောင်ဟောင်း ခြောက်ဦးကို “နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်မှု” ဖြင့် အာဏာပိုင်များ က တရားစွဲဆိုခဲ့သည်။ လိုင်ကို နောက်ထပ် လိမ်လည်မှုဖြင့် သီးခြား တရားစွဲဆိုသည်။

လိုင် မှလွဲ၍ ကျန်တရားခံများအားလုံး က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အချို့က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရန် သဘောတူခဲ့ကြသည်။

လိုင်ကို စွဲဆိုထားသည့် “လှုံ့ဆော်ရေးသားဖြန့်ဝေမှု” အပါအဝင် အခြားစွဲချက်များစွာကိုလည်း ဒီဇင်ဘာ ၁၈ တွင် တရားရုံး ၌ ကြားနာသည်။