နော်တင်ဟမ်ဖောရက်စ် နည်းပြအဖြစ်မှ ကူးပါး ထုတ်ပယ်ခံရ

By PKThawn

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ဟာ နူနိုအက်စပီရီတို ဆန်တိုကို ခန့်အပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြားမှာ စတိဗ် ကူးပါးကို အသင်းက အင်္ဂါနေ့မှာ ထုတ်ပယ်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ၁၃ ပွဲမှာ တပွဲသာ အနိုင်ရထားတဲ့ ဖော်ရတ်စ်ဟာ တန်းဆင်းဇုန်အထက် တနေရာမှာ ရပ်တည်နေပြီးနောက် ကူးပါးဟာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။

အသက် ၄၄ နှစ်အရွယ် နည်းပြဟာ နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲရှုံးပွဲအပါအဝင် လိဂ်ပွဲ ၁၃ ပွဲမှာ နိုင်ပွဲတပွဲသာ ရရှိထားရတာကြောင့် ဖိအားတွေအောက်မှာ ရောက်နေခဲ့တာပါ။

ဖော်ရတ်စ်ဟာ အင်္ဂါနေ့အစောပိုင်းက ပရီးမီးယားလိဂ်မှာ ပြန်လည်ကိုင်တွယ်ရေးနဲ့ပတ်သက်လို့ တော့တင်ဟမ်နဲ့ ဝုဖ်အသင်းနည်းပြဟောင်း နူနိုနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

“စတိဗ် ကူးပါးဟာ နော်တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြချုပ်အဖြစ် နှစ်နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ဒီကနေ့မှာ သူ့ရဲ့ တာဝန်တွေမှ အနားယူလိုက်ပြီဖြစ်တယ်”လို့ ကလပ်ရဲ့ ထုတ်ပြန်ချက်က ပြောပါတယ်။

“အသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်မှုရေးနဲ့ ပတ်သက်လို့ မကြာခင်မှာ ထပ်မံကြေညာချက်ထုတ်ပြန်သွားမှာပါ”

ကူးပါးဟာ ပြီးခဲ့တဲ့ရာသီက ဖောရက်စ်ကို ချန်ပီယံရှစ်ကနေ ပရီမီယာလိဂ်ဆီကို ပို့ဆောင်ပြီးနောက် အသင်းပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကူးပါးရဲ့ နွေရာသီ ကစားသမားအသစ်ခေါ်ယူမှုတွေမှာ အကြီးအကျယ်ရင်းနှီးမြှပ်နှံမှုဖြင့် လိုအပ်တဲ့ ရလဒ်တွေကို မပြသနိုင်ဘဲဖြစ်နေတာကြောင့် ဖောရက်စ်ရဲ့ ဂရိပိုင်ရှင် အီဗန်ဂျယ်လို့စ် မာရီနာကစ်ဟာ နောက်ဆုံးမှာ ဆွမ်ဆီးနည်းပြဟောင်းအပေါ် စိတ်ရှည်မှု ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

Ref; AFP