ဝိုင်းမော်တွင် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခြင်း မရှိ

JC

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါဆာဒီရွာသစ်အနီးမှာ စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဉ် တစီးပျက်ကျခဲ့တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး TikTok မှာလည်း ရဟတ်ယာဉ်တစီး ကျည် ထိမှန်တဲ့သွားတဲ့ရုပ်သံဖိုင်ကို နောက်ခံ အမျိုးသမီးအသံနဲ့ ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

မဇ္ဈိမအနေနဲ့ ဒီသတင်းနဲ့ပတ်သက်လို့ ဒေသခံသုံးဦးထက်မနည်းအပြင် KIA/KIO ကို မေးမြန်းခဲ့တဲ့အခါမှာ ရဟတ်ယာဉ်ပျက်ကျတဲ့အကြောင်းကို မသိကြဘူးလို့ တညီတညွတ်တည်း ဖြေဆိုကြပါတယ်။ TikTok မှာ ပျံ့နေတဲ့ ရုပ်သံဖိုင်ကလည်း ဗွီဒီယိုဂိမ်းဖိုင်ပဲ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။