နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင် ဆေးတပ်ဖွဲ့ သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မေ ၇ ရက်က နယူးဇီလန်နိုင်ငံ ၊ ဝယ်လင်တန်မြို့တွင်ရှိသည့် မြန်မာပြည် သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် လုံခြုံရေးအရ ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့နေထိုင်သည့် ပြည်နယ်နိုင်ငံရေးတွင် မပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၇ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်အသိပေးသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၈ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် Burmese Revolution Solution -BRS team က ဦးဆောင်၍ ပြည်သူများနှင့်အတူ မေလ ၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းမှအကြိမ် ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းရဲဘော်သတင်းရင်းမြစ်နှင့် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်ကောင်စီတပ်၏ အမှတ် (၆၀၀၅) တင့်ကား တပ်ရင်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတိုက်ပွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)မှ မေလ ပထမပတ်အတွင်း ရဲဘော် လေးဦးကျဆုံး သွားကြောင်း ယနေ့( မေလ ၈ရက် )တွင် သတင်းထုတ်ပြန်သည်။

ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲ၌ အကြမ်းဖက် စစ်ကောင်စီတပ်သားတစ်ဦးကို တစ်ဦး ချင်း နပန်းလုံး သတ်ပုတ်နိုင်ခဲ့သည့် တပ်သားကို ဆုငွေ ၁၀ သိန်းကျပ်ချီးမြှင့်ခဲ့ကြောင်း Kagabu People’s Force ( KPF) က ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ များကယနေ့(မေလ ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်၂၃ဦး အရှင်ဖမ်းမိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုရှိ စစ်ကောင်စီ အမြောက်တပ်၊ ရဲစခန်းနှင့် လေယာဉ် ကွင်းတို့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ၂၇၄ တပ်ရင်းအတွင်းမှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

မန္တလေးတိုင်း၊ မိုကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားပါသည်။

ပဲခူးတိုင်း ၊ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး မူကြိုကျောင်း အပါအဝင် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ချင်းနိုင်ငံရေးအဖွဲ့အစည်းနှင့် ချင်းကာကွယ်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲကာ စစ်ရေးအရ ထိပ်တိုက်တွေ့မည့်အခြေအနေတွင် ပြဿနာများပြေလည်ပြီး နိုင်ငံရေးသဘော တူညီမှုအမြန်ဆုံးရရန်အတွက် နိုင်ငံရေးလမ်းပြမြေပုံလိုအပ်ကြောင်း India for Myanmar တည်ထောင်သူ ဆလိုင်း ဒိုခါရ်က ပြောကြားသည်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရမှုအတွင်း လေယာဉ်မှူးအပါအဝင် ခုနစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KPLA က ယနေ့ မေလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ကောင်စီက အသက် (၂၃) နှစ်မှ အသက် (၃၂ )နှစ်အထိ အမျိုးသားများအား လုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး ကျန်အသက်အရွယ် အမျိုးသားများကိုမူ ပြည်ပသို့ အလုပ်သွား ရောက် လုပ်ခွင့် ယမန်နေ့မှစတင်၍ ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန်သည် အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင်နှင့် မေ ၇ ရက်နေ့က အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်နှင့် အွန်လိုင်းကတဆင့်တွေ့ခွင့်ရရေး စဉ်းစားပေးရန် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး တရုတ်သံအမတ်ကြီးနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာတွေ့ဆုံ ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအရ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းအတွက် မွန်ပြည်နယ်က လူငယ် ၅၀ ကို ပို့ဆောင်ခဲ့ကြောင်း မွန်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန် ထားသည်။

ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများ ကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မေ ၈ ရက် သုံးသပ်ချက်

စစ်ရှုံးမင်းအောင်လှိုင်တို့ စစ်အုပ်စုသည် စစ်သားလိုအပ်ချက်မြှင့်မားနေသည့်အတွက် ဒုတိယအသုတ်အဖြစ် နိုင်ငံအနှံ့ အတင်းအဓမ္မစစ်မှုထမ်း လိုက်လံခေါ်ယူနေသည့်အပြင် အသက် (၂၃) နှစ် မှ ( ၃၂ )နှစ်အထိ အမျိုးသားများကို ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ပါ ပိတ်ပင်လိုက်သည်။