၂ နှစ်ကြာပေမယ့် မိုဆိုအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုအတွက် အရေးယူနိုင်ဖို့ အလှမ်းဝေးနေဆဲ

ဂျူချန်း/မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကိုကျူးလွန်ခဲ့တာ အခုဆိုရင် နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှဦ ကလေးသူငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၄၀ ကျော်၊ နယ်ခြားစောင့်တပ်ရင်း(၁၀၀၄)တပ်ဖွဲ့ဝင် လေးဦးနဲ့ Save The Children က ဝန်ထမ်းနှစ်ဦး၊ စုစုပေါင်း ၄၆ ဦးကျော်ကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က အရပ်သားတွေကို မီးရှို့သတ်ဖြတ်နေတာကို သွားရောက်ဖျန်ဖြေခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီက တပါတည်းသတ်ဖြတ်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ကို စစ်ကောင်စီက သွေးအေးအေးနဲ့ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အစုလိုက်အပြုံလိုက်သတ် ဖြတ် မှုနှစ်နှစ်ပြည့်အတွက် ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက မှတ်ချက်ပြု ထား ပါတယ်။

ဒီလိုအစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှုကို တပ်မ(၆၆)လက်အောက်ခံ ခမရ(၁၀၈) ဓနုဖြူတပ်ရင်း မှတပ်ဖွဲ့ဝင်တွေကကျူးလွန်ခဲ့ကြောင်း ကရင်နီပြည်နယ်က အုပ်ချုပ်ရေးအဖွဲ့တွေက အတည်ပြုထားပါ တယ်။