တနင်္သာရီမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင် စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်စဉ်။

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်မှ ကျေးရွာအချို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများမှကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုပြုလုပ်နေသည်။

ဒေသခံများအား လေကြောင်းရန်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင်ခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို တွဲလက်ညီညီ တနင်္သာရီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ကဦး‌ဆောင်ကာ ဒီဇင်ဘာလ ၂၂ရက်က ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

စစ်‌ကောင်စီ၏လေကြောင်းရန်နှင့် လက်နက်ကြီး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း ၁,၀၀၀ ကျော်ကို ပြည်သူလူထု၏ အလှူငွေဖြင့် တူးဖော်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း