“၂၀၂၄ ခုနှစ် အညာဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ ပိုပြီးလုပ်ဆောင်သွားမယ်”

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာ ၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်းတိုက်ပွဲတွေ ပိုမိုဆင်နွှဲနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ အညာဒေသက တော်လှန်ရေးအဖွဲ့ အစည်းတွေက ပြောဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ မြို့သိမ်းတိုက်ပွဲတွေ လက်ရှိအခြေအနေထက် ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အညာဒေသအတွက် တော်လှန်ရေးအခြေအနေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်မတော် ABSDF စစ်ကြောင်း (၃)က ရဲဘော်ပြည့်ဖြိုးကျော်က မဇ္ဈိမကိုပြောပါတယ်။

တင်ဆက် ၊ တည်းဖြတ် — MTO