နတ်သံကွင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း- KNLA ရဲဘော်တဦးအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ပုံအညွှန်း- KNLA ရဲဘော်တဦးအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင်းတနေရာ၌ စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှစ၍ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ နတ်သံကွင်း မြို့တွင်းတနေရာ၌ စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား အချိန်နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နေ့ခင်းက နတ်သံကွင်းမှာတိုက်ပွဲဖြစ်တယ်။ စကစဘက်က နတ်သံကွင်းကို သူတို့ရပြီလို့ လျှောက် ပြောနေတာ။ အစ်ကိုတို့က မြို့ထဲမှာပဲရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် မှ အထိအခိုက်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) တာဝန်ရှိ သူထံ မဇ္ဈိမက ဆက်သွယ်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလကုန်ပိုင်းမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အထိ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နတ်သံ ကွင်းမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက် အကျအဆုံးများခဲ့ပြီး သံချပ်ကာ ကားနှင့် တင့်ကားနှစ်စီးကို KNLA ပူးပေါင်းတပ်ဖွဲ့ကဖျက်ဆီးနိုင်ခဲ့ကာ ၎င်းတို့ဘက်မှလည်း ရဲဘော် ခြောက်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ