တရုတ်တွင် ကုမ္ပဏီများပိတ်သိမ်းခြင်း၊ အထိတ်တလန့်ဖြစ်ခြင်းကြောင့် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ်။

ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ်။

Asian Lite

စီးပွားရေးကျဆင်းမှုက တရုတ်၏ ဆီလီကွန်တောင်ကြားဟု မကြာခဏရည်ညွှန်းလေ့ရှိသည့် ရှန်းကျန့်မြို့အား ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။

မြို့တွင်းရှိ စီးပွားရေးလုပ်ငန်း အများအပြားပိတ်ထားရပြီး၊ လမ်းများလူသူကင်းမဲ့နေကာ၊ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ဥပမာအားဖြင့်၊ တစ်ချိန်က စတိုးဆိုင်များဖြင့် စည်ကားခဲ့သော ဖန်စက်မှုဇုန်သည် ယခုအခါ ဝယ်သူကင်းမဲ့နေသည်။ 

အလားတူ ရှန်းကျန့်ဘူတာရုံရှိ ခရီးသည်ပို့ဆောင်ရေးဗဟိုဌာနအနီးရှိ စတိုးဆိုင်များသည် ရိုးရာနှစ်သစ်ကူး မတိုင်မီကပင် ပိတ်ထားရသည်။ 

Elco Electronics အီလက်ထရွန်းနစ် စက်ရုံကဲ့သို့ နာမည်ကျော်ကုမ္ပဏီများသည်ပင် အကျပ်အတည်း ဆိုက်ခဲ့ရသည်။ လွန်ခဲ့သည့် ၃၆ နှစ်က တည်ထောင်ခဲ့ပြီး ဝန်ထမ်းထောင်နှင့်ချီရှိသည့် ယင်းစက်ရုံသည် ဒေဝါလီခံခဲ့သည်။

ရှန်းကျန့်မြို့ခံများရင်ဆိုင်ရသည့် အကျည်းတန်သော ယင်းဖြစ်ရပ်မှန်သည် မြို့၏ ကမ္ဘာကျော်ဂုဏ်သတင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

တရုတ်စီးပွားရေးကျဆင်းနေခြင်းကြောင့် နာမည်ကျော် ကုန်အမှတ်တံဆိပ်များလည်း ဝယ်သူနည်းပါးနေသည်။ ဥပမာအားဖြင့် Adidas သည် မကြာသေးမီက အထပ်သုံးထပ်နှင့် ၃၂၀၀ စတုရန်းမီတာကျော်ရှိသော ရှန်းကျန့်မြို့ ဖူတန်ခရိုင်ရှိ ယင်း၏ အထင်ကရစတိုးဆိုင်ကို ပိတ်လိုက်ရသည်။

နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများနှင့် စတိုးဆိုင်များ ပိတ်လိုက်ခြင်းက တရုတ်တွင် ပိုမိုဆိုးရွားသော စီးပွားရေး စိန်ခေါ်မှုများကို ဖော်ပြနေသည်။ အလုပ်သမားများသည် အလုပ်လက်မဲ့မှုနှင့် ငွေရေးကြေးရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရှန်းကျန့်မြို့လမ်းမများပေါ်တွင် အလုပ်ရှာဖွေသူများသည် သာမန်အလုပ်များအတွက်ပင် အပြင်းအထန် ယှဉ်ပြိုင်နေကြရသည်။ 
ယင်းအတောအတွင်း၊ ဝူဟန်မြို့တွင် အအေးဒဏ်ခံနေရပြီး ခိုကိုးရာမဲ့ဖြစ်နေသော ရွှေ့ပြောင်းအလုပ်သမား များသည် အိမ်ပြန်စရိတ်မတတ်နိုင်သောကြောင့် ဝူချုံးဘူတာရုံရှိ ကားရပ်နားစခန်းတွင် စုပြုံနေကြသည်။

ကိန်းဂဏန်းများသည် အံ့မခန်းဖြစ်နေပြီး စီးပွားရေးလုပ်ငန်း ၄၆၀,၀၀၀ နှင့် စတိုးဆိုင်ပေါင်း ၃၂၀,၀၀၀ ပိတ်ခဲ့ရပြီး၊  ၂၀၂၀ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်းခံစားခဲ့ရသည့် ကိုဗစ်ကာလသက်ရောက်မှုထက်ပင် ကျော်လွန် သွားခဲ့သည်။

အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များပင် ဒေဝါလီခံရနိုင်ပြီး လူပေါင်း သန်း ၇၈၀ ကျော်သည် အကြွေးတင် နေသည်။ တရုတ်ပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ဝေါစထရိဘဏ်များက ခန့်မှန်းထားသည်။

တရုတ်စီးပွားရေး နှေးကွေးမှုသည် ပြည်တွင်းပြည်ပ အကြောင်းတရားများ ပေါင်းစပ်မှုကြောင့် ဖြစ်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအနေဖြင့် တရုတ်သည် ပြည်တွင်းစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ 
 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် စားသုံးသူအမူအကျင့်များ ပြောင်းလဲလာခဲ့သည်။

မတည်ငြိမ်သောအစိုးရမူဝါဒကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေ သည့် အုပ်ချုပ်ရေးမရေရာမှုများနှင့် ရင်ဆိုင်နေရသည်။ 

စားသုံးသူများအကြား ယုံကြည်မှုမရှိခြင်းသည် အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနေသည်။ 

အိမ်ခြံမြေ အကျပ်အတည်းကြောင့် အိမ်ခြံမြေဈေးကွက် အတက်အကျများသဖြင့် စီးပွားရေး မသေချာ မရေရာမှု ကို ဖြစ်ပေါ်စေသည်။
 
သက်ကြီးရွယ်အိုလူဦးရေကြောင့် လူဦးရေအချိုးအစားသည် လူမှုရေးဝန်ဆောင်မှုများနှင့် အလုပ်သမား စျေးကွက်များကို ထိခိုက်စေသည်။

ဂျပန်၊ တောင်ကိုရီး ယားနှင့် အနောက်နိုင်ငံများက တခြားထောက်ပံ့ရေးကွင်းဆက်များကို ရှာဖွေလာခြင်းကြောင့် ပြင်ပဈေးကွက်တွင် တရုတ်၏ ပို့ကုန်နှင့် သွင်းကုန်များအပေါ် မှီခိုအားထားမှုသည်စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရ သည်။ 

Ding Ye Fang အရှုပ်တော်ပုံတော်ပုံကြောင့် တရုတ်ဘဏ္ဍာရေးဈေးကွက်ကို အထိတ်တလန့်စေခဲ့သည်။ ဟောင်ကောင်စတော့ကုန်စည်ဒိုင် စာရင်းဝင် Ding Yi Feng International Asset Management Group က ပြည်တွင်းတွင် ရှယ်ယာရောင်းချမှုရပ်ဆိုင်းထားချိန်တွင် ယင်း၏ ရှင်ကျန်းလုပ်ငန်းခွဲကို နိုင်ငံခြားဒစ်ဂျစ်တယ် ကုန်စည်ဒိုင်တွင် စာရင်းသွင်းရန် ရည်ရွယ်နေသည်။

ယင်းကုမ္ပဏီကို တည်ထောင်သူ ဆွေကွမ်ယိ၏ အလွဲသုံးစားလုပ်မှုဒေါ်လာ သန်း ၄၂၀အပါအဝင် အကြွေး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံခန့်ဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့သည်။ ယင်းအကျပ်အတည်းက တရုတ်၏ စီးပွားရေးမပြေလည်မှုများကို စံနမူနာပြပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ် သွားစေခဲ့သည်။ 

စီးပွားရေးကျဆင်းနေချိန်တွင် ရင်းနှီးမြုပ်နှံမှုအများအပြားပြုလုပ်ထားသူများက ယခုသီတင်းပတ်အတွင်း ရှန်းကျန့်မြို့ရှိ Ding Ye Feng ရုံးချုပ်အဆောက်အအုံရှေ့တွင် အကြိမ်များစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

၎င်းတို့က ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေပြန်ပေးရန်တောင်းဆိုခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုကြောင့် တည်ထောင်သူထဲမှ တစ်ဦးဖြစ်သော မာရှောင်ချီသည် နိုင်ငံရပ်ခြားသို့ ရန်ပုံငွေလွှဲပြောင်းမှုဖြင့် ဖမ်းဆီးခံခဲ့ရ သည်။ 

ယင်းကုမ္ပဏီမှ တာဝန်ရှိသူများသည်လည်း စောင့်ကြည့်ခံနေရပြီး နိုင်ငံတွင်းမှ မထွက်ခွာနိုင်တော့ပေ။ ကုမ္ပဏီ၏အခက်အခဲမှာ ဆိုးရွားလှပြီး၊ ရင်းနှီးမြုပ်နှံသူ ၅၀၀,၀၀၀ ကို သက်ရောက်စေနိုင်သည့် အကြွေး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံကျော် တင်ရှိနေသည်။

တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်ရှိ အထင်ကရစီးပွားရေးကျောင်းမှ ပါမောက္ခ ရှဲထင်က ကုမ္ပဏီ၏ ရည်ရွယ်ချက် မှာ တရားဝင်ငွေကြေးရင်းနှီးမြုပ်နှံမှု မဟုတ်ဘဲ ပိုင်ဆိုင်မှု သိမ်းယူခြင်းဖြစ်သဖြင့် မလွှဲမရှောင်သာ ကုမ္ပဏီပြိုလဲနိုင် ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။

တရုတ်တွင် စီးပွားရေးမပြေလည်မှုများနှင့် ဆိုးရွားသော ကူးစက်ရောဂါများနှင့် ရင်ဆိုင်နေရချိန်တွင် အလားတူ ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်သည်။ ယင်းအကျပ်အတည်းက စီးပွားရေးကျဆင်းမှုကို ပိုမိုဆိုးရွားစေပြီး လူမှုရေးမငြိမ်သက်မှုများ ဖြစ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ 

ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့၏ ရန်ပုံငွေများကို ပြန်လည်ရယူနိုင်ခြင်းမရှိပါက ကွန်မြူနစ်ပါတီနှင့် ဒေသဆိုင်ရာအစိုးရများအပေါ် မကျေနပ်သဖြင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

စီးပွားရေးနှေးကွေးမှုနှင့် စည်းမျဉ်းစည်းကမ်းတင်းကျပ်မှုတို့ကြောင့် စတော့ရှယ်ယာဈေးကွက်ကျဆင်းသဖြင့် ကဏ္ဍအသီးသီးရှိ ရင်းနှီးမြှုပ်နှံသူများသည် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍသည် ရှယ်ယာတန်ဖိုး ၆ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဆုံးရှုံးခဲ့သည်။ သံမဏိ၊ ဓာတုဗေဒ၊ ရေနံ၊ အခြေခံသတ္တုများ၊ အိမ်ခြံမြေနှင့် ဘိလပ်မြေများ အပါအဝင် အခြားကဏ္ဍများတွင်လည်း သိသာထင်ရှားစွာ ရှယ်ယာဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ပုံမှန်အားဖြင့် တည်ငြိမ်သော ဘဏ္ဍာရေး စတော့များသည် ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။ 

ကပ်ရောဂါ၏အကျိုးသက်ရောက်မှု၊ အိမ်ခြံမြေကုမ္ပဏီကြီး Evergrande ၏ ကြွေးမြီအကျပ်အတည်း၊ အစိုးရက စီးပွားရေး တိုးတက်အောင်လှုံ့ဆော်ရန်မလုံလောက်မှုနှင့် နည်းပညာနှင့် ပညာရေးကဏ္ဍများကို တိုးမြှင့်စိစစ်မှု အပါအဝင် အကြောင်းရင်းများစွာ ပေါင်းစပ်မှုကြောင့် စီးပွားရေးကျဆင်းရခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားထားသည်။