နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဖေဖော်ဝါရီ ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကိုရီးယားနိုင်ငံ ၊ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan တို့အကြား ကိုရီးယားနိုင်ငံတွင် ယနေနံနက် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်မှုများက သိသားထင်ရှားသည့် ရလဒ်များပိုင်ဆိုင်နေသော အခုချိန်တွင် ဒီမိုကရေစီအင်အားစုများထံကို အရပ်သားအုပ်ချုပ်ရေးစနစ်အား ပိုမိုခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးနှင့် နည်းပညာအကူအညီများ အမြန်ဆုံး ပံ့ပိုးကူညီ ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်က ကြေညာချက် ထုတ်ပြီး တောင်းဆို လိုက်သည်။

ရန်သူအခုချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည့် နိုင်ငံ၏ အရေးကြီးသည့် မြို့ကြီးများကို ထိုးဖောက် တိုက်ခိုက် နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ပြင်ဆင် ကြိုးပမ်းနေပြီဆိုတာ အသိပေးလိုကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၅၀၀၀ ကျော်ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း မင်းကင်းဒေသတွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး “လူထုအာဏာအသက် သွင်းကြ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲကို ယနေ့ (ဖေဖော်ဝါရီ ၃) ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှသိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်နှင့်သင်္ဃန်းညီနောင်မြို့သစ်၊ ရွာသစ်ကုန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကလေးငယ် တဦးသေဆုံးကာ ဒေသခံသုံးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့ခံများက‌ ပြောသည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရဲစခန်း ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမစစ်ကြောင်း (၂) တို့ထံမှ သိရသည်။

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့သော ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနှင့် နိုင်ငံရေးနှင့်စပ်လျဉ်၍ ထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်ရန် ရက်ပြည့်နေပြီဖြစ်သည့် နိုင်ငံရေးအ ကျဉ်းသား ၆ ဦး ယနေ့အထိ မိသားစုဝင်များထံ မရောက်ရှိသေးကြောင်း ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်း အရုံး (KPPA)က ယနေ့ ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းမှ စစ်ကောင်စီတပ် သားများ စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ စံပြကျေးရွာရှိ စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ရာထိခိုက် သေဆုံးမှုရှိပြီး လက်နက် ၄လက် ရရှိခဲ့ကြောင်း မြင်းခြံခရိုင် တော်လှန်ရေးအင်အားစုများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

အာဏာသိမ်းမှု သုံးနှစ်တာကာလအတွင်း ချင်းအမျိုးသား ကာကွယ်ရေး အင်အားစုများက ချင်းပြည်နယ်၏ နယ်မြေ ၇၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်(ICA)က ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖားကန့်ဒေသရှိ စစ်ကောင်စီ၏ ဗျုဟာကျသော နန့်တိန်စစ်ဗျုဟာကုန်းကို KIAက ယနေ့ ဖေဖာ်ဝါရီလ ၃ ရက် နေ့လယ် ၁၁ နာရီကျော် အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ပြင်းထန်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA ရှေ့တန်း သတင်းရင်း မြစ်များက ဆိုသည်။

ရက္ခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များအတွင်းရှိ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၉) လက်အောက်ခံ တပ်ရင်း ၁၀ခုလုံး သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိပေးသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တိုက်ပွဲများတွင် စစ်​ကောင်စီတပ်က ​သေဆုံးစစ်သားအ​လောင်းများကို ပြန်လာမ​ကောက်​သော​ကြောင့် ​တော်လှန်​ရေးတပ်ဖွဲ့များက​မြေမြှပ်​ပေး​နေကြရ​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့များက​ပြောသည်။

စစ်ကောင်စီ

အူမတောင့်မှ သီလစောင့်မည်ဆိုသည့်အတိုင်း စီးပွားရေးအားကောင်းမွန်မှသာ နိုင်ငံ၏ ကာကွယ်ရေးအားသည်လည်း ကောင်းမွန်မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသည့် ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များရှိကြောင်း စစ်ကောင်စိ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

သက်ဆိုင်ရာဝန်ကြီးတွေ၊ အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအပေါ် သာတူညီမျှ ကွပ်ကဲအုပ်ချုပ်ကြရန်လိုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပြန်သည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ် ဆင်အပ် နှင်းခြင်းကို တောင်ငူလေတပ်စခန်းဌာနချုပ်၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၃ သုံးသပ်ချက်

စစ်ရှုံးအင်အားပြုန်းနေသည့် အကြမ်းဖက်စစ်တပ်သည် အင်အားကောင်းလာသည့် ပြည်သူ့ကာကွယ် ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိုးစစ်ကို တန်ပြန်တိုက်ခိုက်ရန်အတွက် အရပ်သားများကို အတင်းအကျပ်စုစည်းကာ စစ်သင်တန်းရက်တိုပေး၍ စစ်တိုက်ခိုင်းနေသည်ကို တွေ့ရသည်။