နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဖေဖော်ဝါရီ ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ

ဒိုမီနို ဖြစ်စဉ်နှင့် မကြာခင် စစ်တပ်က ပြိုလဲနိုင်သွားကြောင်း နိုင်ငံတကာက သုံးသပ်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း နိုင်မြင်းဟု သတ်မှတ်လာကြကြောင်း NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် ပြောဆို ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်သားများ ဆုတ်ခွာထွက်ပြေး သွား၍ PDFက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော် (၆၁) ဦးအတွက် ၎င်းတို့၏မိသားစုများကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖော်ဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်၊ နယူးယောက်တွင် မြန်မာစစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် ချီတက် ဆန္ဒပြရာ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Time Square တွင် NYCBC အဖွဲ့မှ ဦးဆောင်ပြီး ပြည်ပရောက်မြန်မာများနှင့် ပူးပေါင်းကာ ခုခံတော်လှန်စစ်နှင့်အတူ စစ်အာဏာသိမ်း မအောင်မြင်မှု (၃)နှစ်ပြည့် ဆန္ဒပြပွဲကို ဇန်နဝါရီ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်နှစ်ဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းမာပင်ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၁၀၄၅ ရက်မြောက်နေ့ အဖြစ် စစ်အာဏာရှင်စနစ် နှင့်တကွ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် သပိတ်တိုက်ပွဲ ချီတက်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းများနှင့် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ စစ်တပ်စခန်းတို့ကို တန့်ဆည်PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ ရှော့တိုက်ဒုန်း များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း တန့်ဆည် PDFထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၅ (CRA) တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို ရွှေဘိုမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တန့်ဆည်PDF ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း တန့်ဆည်PDF ထံမှ သိရှိရသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီမြို့နီးတွင် ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင် စုဆောင်းနေသူ ဆန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း Magway Guerilla Warfare(မကွေးအထူးပြောက်ကျားတပ်ဖွဲ့) ထံမှ သိရသည်။

စစ်ကောင်စီ ၃ နှစ်ပြည့်ချိန်တွင် ဥရောပက ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး၊ အထည်ချုပ်ကဏ္ဍကူညီရေးတို့ကို ရုပ်သိမ်းချိန်တန်ပြီဟု ကမ္ဘာ့အလုပ်သမားသမဂ္ဂက လှုံ့ဆော်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျနေမှုကို AA တပ်ဖွဲ့ဝင်များက စိစစ်နေသည့် ဓာတ်ပုံများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ဆီဆိုင်မြို့နှင့်ကျေးရွာများကို စစ်ကောင်စီက အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေပြီး သံဃာတော် ၅၀၀ ကျော်စာသင်ကြားရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲ ဖျက်ဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က တရားဝင် သတင်းထုတ်ပြန်သည်။

ကိုးကန့်ဒေသအတွင်း နယ်မြေရှင်းလင်းရေးစတင်သည့် နှစ်ရက်မြောက်နေ့တွင် ဒုစရိုက်ပြစ်မှု ကျူးလွန်သူ ၃၆ဦးနှင့် အတူ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ထုတ်ပြန်သည်။

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ချန်းပြန်း(ခ)ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ရက် နံနက် ၈နာရီ အချိန်ခန့်က လူနေအိမ် ၅၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကို ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးပ စ်ခတ်မှုကြောင့် ကလေးငယ်တဦးနှင့် ကျောင်းသား လူငယ်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်ကို အပြီး သတ် သိမ်းပိုက် နိုင်ရန် ဗျူဟာအသစ် တစ်ခုကိုထပ်မံ ဖွဲ့စည်းရန်ကြိုးပမ်းနေကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက ပြောသည်။

ချင်းပြည်နယ်၏ နယ်မြေ ၇၅ ရာခိုင်နူန်းကို စစ်အာဏာသိမ်းတာ သုံးနှစ်ပြည့်မြောက်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းရေးရာ အဖွဲ့ချုပ် (ICA)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

မြန်မာနိုင်ငံတွင် လတ်တလော ကိုဗစ်ရောဂါအပတ်စဉ်ပိုးတွေ့ရှိမှု အနည်းငယ်မြင့်တက် လာတာ ကြောင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သင့်ကြောင်း စစ်ကောင်စီ ကျန်းမာရေး ၀န်ကြီးဌာနက သတိပေးထားသည်။

အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြပါရန် ထပ်လောင်း တိုက်တွန်းပြောကြားလိုပါကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းက ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောသည်။

စစ်ကောင်စီ၏အမြောက်တပ်ဖွဲ့အား တာဝန်များအပေါ် ကျေပွန်စွာ စွမ်းဆောင်နိုင်ခဲ့၍ဟုဆိုကာ ဂုဏ်ပြုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်၌ ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောသည်။

စစ်ကောင်စီက ပဲခူးမြို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရည် စီစဉ်နေသည့် DSRB မှ အဖွဲ့ဝင်များ ဟုဆိုကာ သံဃာတော်တစ်ပါးနှင့်သက်ကြီးရွယ်အို ပြည်သူ ၅ ဦးကိုဖမ်းဆီး ထားသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူပေါင်းအင်အား ၃၀၀ ခန့်သည် ယနေ့ နံနက်အစောပိုင်းမှစ၍ ​​PDF များသိမ်းပိုက်ထား​သော ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာရာ တိုက်ပွဲပြင်း ထန် နေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၄ သုံးသပ်ချက်

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ခံရပြီဆိုလျှင် လက်နက်ကြီးများဖြင့် ပြည်သူလူထု၏ နေအိမ်များကို ပစ်ခတ်နေကြဖြစ်ပြီး ယင်းသို့ ပစ်ခတ်နေသည့် အမြောက်တပ်များကို တာဝန်ကျေပွန်အောင် ထမ်း ဆောင် နိုင်သည်ဟုဆိုကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဂုဏ်ပြုသည်ကို ကြည့်ခြင်းဖြင့် ပြည်သူ အပေါ် ကန်းကုန်အောင် ရက်စက်ပြုမှုများ ပိုမိုပြုလုပ်လာအောင် မြှောက်ပင့်ပေး နေခြင်းဖြစ် သည်။