တနင်္သာရီမှာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေး လှုပ်ရှားမှု စာစောင်များ ဖြန့်ဝေ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေစဉ်။

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)က ဦးဆောင်ပြီး လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်မှ ကာကွယ်နေထိုင်ခြင်း နည်းလမ်းများ” စာစောင်များကို ဒေသတွင်းလူထုအား ဖြန့်ဝေကာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် အသိပညာပေးလှုပ်ရှားမှုများကို ကျေးရွာအတွင်း လိုက်လံနှိုးဆော် ပြုလုပ်ပေးနေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်ရှိ ဘန်လောနှင့် မောတောင်ငယ်တို့တွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၅ ရက်နေ့တို့တွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)