ကန့်ဘလူမြို့နယ် မဲသည်ကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သဖြင့် နေအိမ် ၁၀ လုံး ပျက်စီး

ပုံအညွှန်း - ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ တရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်စီးနေစဉ် ( ပုံအဟာင်း)

ပုံအညွှန်း – ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ တရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်စီးနေစဉ် ( ပုံအဟာင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ် မဲသည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင် ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က မဲသည်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မဲသည်ကျေးရွာကိုမီးရှို့ပြီးနောက် ကန့်ဘလူ ၆၀၀၆ တပ်ရင်းအတွင်းသို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဝင်ရောက်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူ များအဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။

“ တောင်ဘက်ခြမ်းမှာတော့ စစ်ကြောင်းရှင်းသွားပြီ၊ ၆၀၀၆ ထဲ ပြန်ဝင်သွားပြီ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း မဲသည်ကျေးရွာကိုမီးရှို့ပြီးပြန်လည်ထွက်ခွာလာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်၌ အင်တောပေါက် မူးဘောင်အနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်အတွင်းရှိ ပေလည် ကျေးရွာတွင် နေအိမ်ခြောက်လုံးနှင့် စပါးတိုက်လေးလုံး၊ သပြေသာလေးကျေးရွာတွင် နေအိမ် ၂၅ လုံးနှင့် ဘိုကုန်းကျေးရွာတွင် နေအိမ်တလုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ