AA ကစစ်ကောင်စီ၏ စစ်သင်္ဘော ၃စင်းကို နစ်မြုပ်၊မြောက်ဦး ရဲတပ်ရင်းကို သိမ်းပိုက်

စစ်ကောင်စီရေတပ် စစ်သင်္ဘောတစင်းကို တွေ့ရစဉ်

002

ရခိုင်ပြည်နယ်တွင် ဆက်တိုက်ဖြစ်‌ပွားနေသည့် တိုက်ပွဲများအတွင်း AA ကစစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်းကို နစ်မြုပ်နိုင်ခဲ့ပြီး သင်္ဘောပေါ်မှစစ်‌ကောင်စီ တပ်ဖွဲ့၀င်များကို လိုက်ရှင်းလျက်ရှိသည့်အပြင် ‌မြောက်ဦးမြို့တွင် ကျန်နေသည့် ရဲတပ်ရင်းကို သိမ်းပိုက်လိုက်‌‌ကြောင်း ညီနောင်သုံးဖွဲ့က ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် စစ်သဘ်ောသုံးစင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု မဟာ မိတ်အဖွဲ့က ထုတ်ပြန်သည်။

နစ်မြုပ်သွားသည့် သင်္ဘောသုံးစင်းမှာ ကမ်းထိုးရေယာဉ်နှင့် နေဗီ တို့ ဖြစ်ပြီး AA ၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏ စစ်သင်္ဘော ခုနစ်စီးခန့်ကို သွားလာ၍ မရနိုင် ‌အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

လက်နက်ချအညံ့ခံရန် ‌ပြောထားသော်လည်း နားထောင်ခြင်းမရှိဘဲ ထွက်ပြေးလျက်ရှိသည့် စစ်သင်္ဘောများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များ ကို မြစ်ကြာင်းများအတွင်း တယောက်မကျန် လိုက်လံချေမှုန်းနေ သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ သင်္ဘောသုံးစင်းနှင့်ပတ်သက်၍အသေးစိတ်အချက် အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။

မြောက်ဦးရှိ စစ်ကောင်စီ၏ လက်ကျန်ဖြစ်သော ရဲတပ်ရင်း (၃၁) ကိုအပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင် ခဲ့သည်ဟုထုတ်ပြန်သည်။

နယ်ခြားစောင့် စခန်းဖြစ်သည့် ၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ ကိုးတန်ကောက်စခန်း အား ‌ဖေ‌ဖော်ဝါရီ ၈ ရက်နံနက် ၇ နာရီ ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး များဖြင့်လည်းကောင်း၊ လေကြောင်းပစ်ကူများဖြင့်လည်းကောင်း အသည်းအထန်ခုခံကာကွယ်လျက်ရှိသည်ဟု သ်ရသည်။

အဆိုပါစခန်းသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသော ဒုံးပိုက်နှင့် ချိန်ခါလီနယ်ခြား ‌စောင့်တပ်စခန်းများအနီး၌တည်ရှိသည့် စခန်းတခုဖြစ်သည်။