ထိုင်ဝမ်ချစ်ပ်နည်းပညာကို ယှဉ်ပြိုင်ရန် လိမ်လည်ခိုးယူသည့် နည်းလမ်းဖြင့် တရုတ် ကြိုးပမ်းနေ

ပုံစာ - ထိုင်ဝမ်သံမတ်ကြီးအလက်ဇန်းဒါး ယွိုင်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။

ပုံစာ – ထိုင်ဝမ်သံမတ်ကြီးအလက်ဇန်းဒါး ယွိုင်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။

The Standard

တရုတ်က ထိုင်ဝမ်ချစ်ပ်နည်းပညာကို ယှဉ်ပြိုင်နိုင်စေရန် လိမ်လည်ခိုးယူသည့် နည်းလမ်းဖြင့် ကြိုးပမ်းနေပြီး ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေသော်လည်း မအောင်မြင်သေးကြောင်းနှင့် အမေရိကန်တွင် ထိုင်ဝမ်က တပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီးက ဖေဖော်ဝါရီ ၇ရက်တွင် ပြောကြားလိုက်သည်။

တရုတ်ချစ်ပ်ထုတ်လုပ်သူများက မျိုးဆက်သစ်စမတ်ဖုန်း ပရိုဆက်ဆာများ ထုတ်လုပ်ရန်မှာ မဖြစ်နိုင်သေး ကြောင်းနှင့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှ ရှိနေသည့် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထိုင်ဝမ်က အမေရိကန်တပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ အလုပ်များ ရယူနေသည်ဟူသော စွဲချက်များအား ရိုက်တာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုင်ဝမ်ကိုယ်စားလှယ်အလက်ဇန်းဒါး ယွိုင်က ငြင်းဆိုခဲ့သည်။

“တရုတ်ချစ်ပ်ထုတ်လုပ်သူတွေက စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာကြပါဘူး။ လိမ်လည်ကူးယူမှုတွေ ပြလုပ်သလို၊ နည်းပညာတွေကိုလဲ ခိုးယူကြပါတယ်” ဟု ယွိုင်က ပြောကြားပြီး၊ အမေရိကန်က တရုတ်၏ အဆင့်မြင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းချိန်တွင် ၂၀၂၄နှစ်အစောပိုင်းတွင် မျိုးဆက်သစ် ပရိုဆက်ဆာများကို တရုတ်က ထုတ်လုပ်နိုင်မည် မထင်ကြောင်း ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။

အမေရိကန်ဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ယင်းပြောဆိုချက်သည် ဆင်ခြင်ဥာဏ်မရှိသလို မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

“တရုတ်သိပ္ပံနဲ့ ည်းပညာဆိုင်ရာ အောင်မြင်မှုတွေကို လိမ်လည်ခိုးယူတဲ့ နည်းလမ်းနဲ့ ဘယ်တုန်းကမှ မလုပ် ဆောင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ပိုင်အစွမ်းသတ္တိပေါ်မှာ အမြဲတမ်းတည်ဆောက်ခဲ့ ပြီး မိမိကိုယ်ကို အားကိုးမှုနဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို တရုတ်က ဆက်လက်လုပ်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက လျှိုပန်ယုက ပြောကြားသည်။

တရုတ်က ယင်း၏ ကြီးမားသော စျေးကွက်ကို အသုံးချကာ ထောက်ပံ့ရေးကွင်းဆက်ကို ချုပ်ကိုင်ခဲ့ပြီး နိုင်ငံများအား မဟာဗျူဟာမြောက်နည်းပညာများကို အတင်းအကျပ်လွှဲပြောင်းစေခဲ့ကြောင်းနှင့် ယင်း၏ ကျယ်ပြန့်သော ဆိုက်ဘာတိုက်ခိုက်မှုများက အမေရိကန်၏ နည်းပညာပြိုင်ဆိုင်မှုကို အဓိက ခြိမ်းခြောက် လာခဲ့ကြောင်း အမေရိကန်က ပြောကြားထားသည်။

ဆီမီးကွန်ဒတ်တာ အင်ဂျင်နီယာများနှင့် အခြားသော နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသူများကို တရား မဝင် ဆွဲဆောင်သည်ဟု သံသယရှိသည့် တရုတ်ကုမ္ပဏီများအများအပြားကို ထိုင်ဝမ်သူလျှိုထိန်းချုပ်ရေးအ ဖွဲ့များက စုံစမ်း စစ်ဆေးခဲ့သည်။

တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်နိုင်ငံတကာကော်ပိုရေးရှင်း (SMIC) အပါအဝင် အချို့သော ကုမ္ပဏီများ အား တရုတ်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သဖြင့် အထူးလိုင်စင်မရှိဘဲ တရုတ်ချစ်ပ်ထုတ်လုပ်သူများအား နည်းပညာများပေးအပ်ခြင်းမပြုရန် အမေရိကန်ကုမ္ပဏီများအား အစိုးရက တားမြစ်ထားသည်။

ထို့ပြင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် တောင်းဆိုသည့် တရုတ်အား အမေရိကန်ကန်က စစ်ရေးအရ ဟန့်တားရန် ထိုင်ဝမ်တွင် လက်နက်များ သိုလှောင်ထားရှိမည့် အလားအလာ ကိုလည်း ၎င်းက ငြင်းဆိုခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေမည့် နောက်ထပ်လုံခြုံရေးရန်ပုံငွေဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်က အတည်ပြုပေးမည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာလတွင် ဝါရှင်တန်သို့ ရောက်ရှိခဲ့ ပြီး ယခုထိုင်ဝမ်ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသော စောင်ပိကင် နေရာတွင် အစားထိုးဝင်ရောက်လာသည့် ယွိုင်က ပြောကြားခဲ့သည်။