ပြည်သူ့စစ်မှုထမ်းဥပဒေ အညာဒေသမှာ သက်ရောက်မှုအားနည်းနိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေပြော

MTO(မဇ္ဈိမ) ။ ။ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် အဖက်ဖက်က အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်တင်းနိုင်ဖို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ် ၂၀၁၀ ခုနှစ်ကရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင် အသက်သွင်းလိုက်ပါတယ်။

အဲဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ အမျိုးသားလူငယ်တွေနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်းရှိ အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေဟာ အနည်းဆုံးနှစ်နှစ် မဖြစ်မနေ စစ်မှုထမ်းရ တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီက အပြည့်အ၀အုပ်ချုပ်လို့မရတော့တဲ့ အညာဒေသမှာတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေသက်ရောက်နိုင်မှုအခြေအနေနဲ့ပတ်သက်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ခေါင်းဆောင်ဖြစ်သူ ကိုနွေဦးကအခုလိုပြောပါတယ်။

သတင်း — MTO

တည်းဖြတ် ၊ တင်ဆက် — MTO