အမေရိကန်ဘောလုံး (NFL) လိဂ်ပြိုင်ပွဲ Super Bowl ရဲ့ ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့တဲ့ Kansas City Chiefs

Kansas City Chiefs tight end Travis Kelce (C) and US singer Taylor Swift (L) celebrate the Chiefs victory over the 49ers in the overtime of Super Bowl LVIII between the Kansas City Chiefs and the San Fransisco 49ers at Allegiant Stadium in Las Vegas, Nevada, USA, 11 February 2024. The Super Bowl is the annual championship game of the NFL between the AFC Champion and the NFC Champion and has been held every year since 1967. EPA-EFE/JOHN G. MABANGLO

(Photos: AFP/EPA)

By PKThawn

Kansas City Chiefs အသင်းဟာ San Francisco 49ers ကို အချိန်ပိုမှာ ၂၅-၂၂ ဖြင့် ပြန်အနိုင်ယူကာ ငါးနှစ်အတွင်း သူတို့ရဲ့ တတိယမြောက် Super Bowl ဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။

49ers အသင်းဟာ လာ့စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ Super Bowl မှာ ရေပန်းစားသူတွေအဖြစ် ရောက်ရှိလာပြီး Allegiant Stadium မှာ ဖလားရဖို့ နှစ်ကြိမ်တိုင် အလွန်နီးစပ်ခဲ့တာပါ။

ကင်းဆပ်စ်စီတီးနဲ့ ဆန်ဖရန်စစ္စကို 49ers တို့ဟာ ပွဲချိန်အတွင်း ၁၉-၁၉ ဖြင့် သရေကျနေတာဖြစ်ပြီး ကင်းဆပ်စ်စီတီးက အချိန်ပိုကျမှ ၂၅-၂၂ ဖြင့် အနိုင်ပြန်ရခဲ့တာပါ။

ကင်းဆပ်စ်စီတီးဟာ ပြီးခဲ့တဲ့ Super Bowls ပြိုင်ပွဲ ငါးကြိမ်မှာ လေးကြိမ်အထိ ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပြီး၂၀၀၃ နဲ့ ၂၀၀၄ ရာသီတွေမှာ Patriots အသင်းနောက်ပိုင်း နှစ်ကြိမ်ဆက် ချန်ပီယံဆုဖလားရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

၂၀၂၄ အတွက် အမေရိကန်ဘောလုံး (NFL) လိဂ်ပြိုင်ပွဲ Super Bowl ရဲ့ ချန်ပီယံဆုကို Kansas City Chiefs အသင်းက အနိုင်ရရှိခဲ့တဲ့နောက်မှာ ကမ္ဘာကျော်ပေါ့ပ်စတား တေလာဆွစ်က အနိုင်ရရှိခဲ့တဲ့ ချစ်သူ NFL ကစားသမား Travis Kelce နဲ့အတူ ကွင်းအလယ်မှာ အောင်ပွဲခံခဲ့ပါတယ်။

ဒီနှစ် Super Bowl ဟာ အရင်နှစ်ထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ဆွဲဆောင်နိုင်ခဲ့ပြီး အရင်နှစ် ကင်းဆပ်စ်စီးတီးက Eagles အသင်းကို အနိုင်ရခဲ့တဲ့ အမေရိကန် ရုပ်သံပရိသတ် ၁၁၅ သန်းစံချိန်ကို ကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

တေလာဆွစ်ဖ်ဟာ သူ့ရဲ့ လက်ရှိရည်စားဖြစ်သူ Travis Kelce ပါဝင်ကစားတဲ့ ကင်းဆပ်စ်စီတီးအသင်းရဲ့ အမေရိကန်ဘောလုံး (NFL)လိဂ် ဗိုလ်လုပွဲကို လာအားပေးခဲ့တာကြောင့်လည်း လူစိတ်ဝင်စားမှုအများဆုံးပွဲတပွဲဖြစ်နေခဲ့တာပါ။

အမေရိကန် ဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲဟာ အမေရိကန်တနိုင်ငံလုံးက နှစ်စဉ် ကြည့်ရှုကြတဲ့ပွဲပါ။

Ref; BBC